အသည္း ပ်က္စီး ေနၿပီ ဆိုတာ ျပသေန တဲ့ အဓိကလကၡဏာ (၇)မ်ိဳး အေၾကာင္း

Health

အသည္း ပ်က္စီး ေနၿပီ ဆိုတာ ျပသေန တဲ့ အဓိကလကၡဏာ (၇)မ်ိဳး အေၾကာင္း…..

(၁) မ်က္လုံးနဲ႔ အသားအေရာင္ဝါ လာျခင္း

အသားအေရနဲ႔ မ်က္လုံးေတြ ဝါေနတယ္ ဆိုရင္ အသည္းက ျပႆနာ တစ္ခုခုျဖစ္ေနပါၿပီ။ တကယ္လို႔ တံေတြးေတြ ကပါ ဝါက်င္က်င္ အေရာင္ေျပာင္းလာၿပီ ဆိုရင္ေတာ့ ဆရာဝန္နဲ႔ ခ်က္ခ်င္း သြားျပသင့္တဲ့ အေျခအေနျဖစ္ေန ပါၿပီ။

(၂) ဝမ္းဗိုက္အလြန္ေဖာင္းလာျခင္း

ဝမ္းဗိုက္ေနရာက အၿမဲလိုလို ေဖာင္းေနတယ္၊ ေနရထိုင္ ရတာလည္း သက္ေတာင့္ သက္သာမရွိဘူး၊ အၿမဲလိုလို ျပည့္အင့္တဲ့ ခံစားခ်က္မ်ိဳး ျဖစ္ေနတယ္၊

ကိုယ္ဝန္ေဆာင္ တစ္ေယာက္လို႔ ထင္ရေလာက္ေအာင္ ဝမ္းဗိုက္က ေဖာင္းေနတယ္ဆိုရင္လည္း အသည္းေၾကာင့္ ျဖစ္ႏိုင္ ပါ တယ္။

အသည္းက သူ႔ဆီ ဝင္ေရာက္လာတဲ့ အရည္ေတြကို ေကာင္းေကာင္း မစစ္ထုတ္ႏိုင္ တဲ့အခါ တျခားအစိတ္အပိုင္းေတြဆီ အရည္ေတြ ေရာက္လာၿပီး ေရာင္ရမ္းျခင္း ကိုျဖစ္ေစ တာပါ။

အသည္းမေကာင္းတဲ့ အခါ ဝမ္းဗိုက္အျပင္ ေျခေထာက္နဲ႔ ေျခက်င္းဝတ္ေတြပါ ေရာင္ရမ္း တတ္ပါတယ္။

(၃) ကိုယ္အေလးခ်ိန္ ႐ုတ္တရက္ က်ဆင္းျခင္း

ဝမ္းဗိုက္က ျပည့္အင့္ေနသလို ခံစားခ်က္မ်ိဳး အၿမဲျဖစ္ေနၿပီး အစားစားခ်င္ စိတ္လည္း မရွိတာမ်ိဳး၊ အစားစား လိုက္တာနဲ႔ ဗိုက္ေအာင့္ တာမ်ိဳး ေတြျဖစ္ေနေတာ့

ပုံမွန္မစားေသာက္ျဖစ္ေတာ့ ဘဲ ကိုယ္အေလးခ်ိန္ က်ဆင္းလာ ပါတယ္။ ဘာမွ မစားထားဘဲ အခ်ိန္တိုင္းျပည့္ အင့္ေနၿပီး အ စားစားခ်င္စိတ္ မရွိတာမ်ိဳး၊ ကိုယ္အေလးခ်ိန္ သိသိသာသာက်ဆင္း လာတာမ်ိဳးေတြျဖစ္ လာရင္ ေဆးစစ္ သင့္ပါတယ္။

(၄) အေရျပားေပၚမွာ ေသြးေၾကာျပတ္ရာေတြ ေပၚလာျခင္း

အသည္းမေကာင္းတဲ့ အခါ အေရျပားေအာက္မွာ ကပ္ရက္ ရွိေနတဲ့ ေသြးလႊတ္ေၾကာမွ်ွင္ေလးေတြကို ပ်က္စီးေစႏိုင္ တာေၾကာင့္ အေရျပား ေပၚမွာ

ေသြးေၾကာျပတ္ရာေလးေတြ ေပၚလာ တတ္ပါ တယ္။ ရင္ဘတ္၊ လက္၊ လည္ပင္း နဲ႔ မ်က္ႏွာေတြမွာ ေသြးေၾကာျပတ္ရာေတြ ေတြ႕ လာရင္ အသည္းေရာဂါရွိ/မရွိ အျမန္စစ္ေဆးပါ။

(၅) ေသြးေျခဥလြယ္ျခင္း

အသည္းမွာ ျပႆနာ တစ္ခုခု ရွိတဲ့ အခါ ခႏၶာကိုယ္ရဲ႕တျခားအစိတ္အပိုင္းေတြကို ပ႐ိုတင္းေထာက္ပံ့မႈ နည္းသြား ပါတယ္။ အဲ့ဒီအခါ ေသြး ေၾကာမွ်င္ေလးေတြမွာ

ေသြးခဲျခင္းျဖစ္လာၿပီး အတြင္းပိုင္းမွာ ေသြးယိုစိမ့္ မႈေတြျဖစ္ လြယ္ေစ ပါတယ္။ အဲ့ဒီေတာ့ တစ္ခုခုနဲ႔ ထိခိုက္ မိတာနဲ႔ ေသြးေျခဥသြားၿပီး လြယ္လြယ္ နဲ႔ မေပ်ာက္ေတာ့ တာမ်ိဳးျဖစ္တတ္ပါတယ္။

(၆) ဆီးအေရာင္အရမ္းရင့္လာျခင္း

လူတစ္ေယာက္ ထဲမွာေတာင္ ဆီးအေရာင္က အၿမဲတမ္းေတာ့ တူမေနႏိုင္ ပါဘူး။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အေရာင္ေတြ ကြဲျပားေန မွာပါ။

 

ဒါေပမယ့္ အၿမဲတမ္းလိုလို ရွိသင့္တဲ့ အေရာင္ထက္ ရင့္တဲ့အေရာင္ျဖစ္ေန တာမ်ိဳး၊တခါတေလ အညိဳေရာင္၊ လိေမၼာ္ေရာင္ နဲ႔ အဝါေရာင္ရင့္ ရင့္ေတြျဖစ္ လာရင္ေတာ့

အသည္းမွာ Bilirubin လို ေခၚတဲ့ ပစၥည္းေတြ အရမ္းပိုလွ်ံေနတာေၾကာင့္လို႔ ေျပာရမွာပါ။

(၇) အေရျပားေပၚမွာ ပုံမွန္ထက္ယားယံျခင္း

ေရခ်ိဳးဆပ္ျပာနဲ႔ မတည့္ လို႔ပဲျဖစ္ျဖစ္၊ အေရျပားေျခာက္ေသြ႕တာေၾကာင့္ပဲျဖစ္ျဖစ္ ယားယံတတ္ပါတယ္။ အဲ့ဒါမ်ိဳးက ပုံမွန္ပါ။ ဒါေပမယ့္ ည အိပ္တဲ့အခါ

တစ္ကိုယ္လုံး မခံမရပ္ႏိုင္ေအာင္ ယားတာမ်ိဳး၊အစားအစာေတြ ေတာ္ေတာ္မ်ားမ်ားနဲ႔ ဓာတ္မတည့္ျဖစ္လာတာမ်ိဳးေတြ ႀကဳံ လာရင္ေတာ့

အသည္းမေကာင္း တာေၾကာင့္ျဖစ္ ႏိုင္ပါတယ္။ အသည္းဆိုတာ ခႏၶာကိုယ္ထဲ မွာ အလုပ္ေတြ အမ်ားဆုံး လုပ္ရတဲ့ ကိုယ္ တြင္း အဂၤါ တစ္ခုျဖစ္ၿပီး အသည္းမွာ ေရာဂါတစ္ခုခုျဖစ္ရင္ လူကို အခ်ိန္တိုအတြင္း ေသဆုံးေစ တဲ့အထိ ျဖစ္ေစႏို င္ပါတယ္။

အသည္းပ်က္စီးလာတဲ့အခါ ေစာေစာသိရင္ ကုသဖို႔ျဖစ္ႏိုင္ေပမယ့္ သိတာေနာက္က်ခဲ့ရင္ေတာ့ ကုသဖို႔ မလြယ္ေတာ့ပါဘူး။

ခႏၶာကိုယ္ အတြက္ အရမ္းအေရးႀကီးတဲ့ အသည္း မပ်က္စီးခင္မွာကုသႏိုင္ေအာင္ အသည္းမွာ ေရာဂါ တစ္ခုခုျဖစ္ရင္ ႀကဳံရတတ္တဲ့ ေရွ႕ေျပးလ ကၡဏာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

MAY THAZINHTOO

Unicode

အသည်း ပျက်စီး နေပြီ ဆိုတာ ပြသနေ တဲ့ အဓိကလက္ခဏာ (၇)မျိုး အကြောင်း…..

(၁) မျက်လုံးနဲ့ အသားအရောင်ဝါ လာခြင်း

အသားအရေနဲ့ မျက်လုံးတွေ ဝါနေတယ် ဆိုရင် အသည်းက ပြဿနာ တစ်ခုခုဖြစ်နေပါပြီ။ တကယ်လို့ တံတွေးတွေ ကပါ ဝါကျင်ကျင် အရောင်ပြောင်းလာပြီ ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်း သွားပြသင့်တဲ့ အခြေအနေဖြစ်နေ ပါပြီ။

(၂) ဝမ်းဗိုက်အလွန်ဖောင်းလာခြင်း

ဝမ်းဗိုက်နေရာက အမြဲလိုလို ဖောင်းနေတယ်၊ နေရထိုင် ရတာလည်း သက်တောင့် သက်သာမရှိဘူး၊ အမြဲလိုလို ပြည့်အင့်တဲ့ ခံစားချက်မျိုး ဖြစ်နေတယ်၊

ကိုယ်ဝန်ဆောင် တစ်ယောက်လို့ ထင်ရလောက်အောင် ဝမ်းဗိုက်က ဖောင်းနေတယ်ဆိုရင်လည်း အသည်းကြောင့် ဖြစ်နိုင် ပါ တယ်။

အသည်းက သူ့ဆီ ဝင်ရောက်လာတဲ့ အရည်တွေကို ကောင်းကောင်း မစစ်ထုတ်နိုင် တဲ့အခါ တခြားအစိတ်အပိုင်းတွေဆီ အရည်တွေ ရောက်လာပြီး ရောင်ရမ်းခြင်း ကိုဖြစ်စေ တာပါ။

အသည်းမကောင်းတဲ့ အခါ ဝမ်းဗိုက်အပြင် ခြေထောက်နဲ့ ခြေကျင်းဝတ်တွေပါ ရောင်ရမ်း တတ်ပါတယ်။

(၃) ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းခြင်း

ဝမ်းဗိုက်က ပြည့်အင့်နေသလို ခံစားချက်မျိုး အမြဲဖြစ်နေပြီး အစားစားချင် စိတ်လည်း မရှိတာမျိုး၊ အစားစား လိုက်တာနဲ့ ဗိုက်အောင့် တာမျိုး တွေဖြစ်နေတော့

ပုံမှန်မစားသောက်ဖြစ်တော့ ဘဲ ကိုယ်အလေးချိန် ကျဆင်းလာ ပါတယ်။ ဘာမှ မစားထားဘဲ အချိန်တိုင်းပြည့် အင့်နေပြီး အ စားစားချင်စိတ် မရှိတာမျိုး၊ ကိုယ်အလေးချိန် သိသိသာသာကျဆင်း လာတာမျိုးတွေဖြစ် လာရင် ဆေးစစ် သင့်ပါတယ်။

(၄) အရေပြားပေါ်မှာ သွေးကြောပြတ်ရာတွေ ပေါ်လာခြင်း

အသည်းမကောင်းတဲ့ အခါ အရေပြားအောက်မှာ ကပ်ရက် ရှိနေတဲ့ သွေးလွှတ်ကြောမျှှင်လေးတွေကို ပျက်စီးစေနိုင် တာကြောင့် အရေပြား ပေါ်မှာ

သွေးကြောပြတ်ရာလေးတွေ ပေါ်လာ တတ်ပါ တယ်။ ရင်ဘတ်၊ လက်၊ လည်ပင်း နဲ့ မျက်နှာတွေမှာ သွေးကြောပြတ်ရာတွေ တွေ့ လာရင် အသည်းရောဂါရှိ/မရှိ အမြန်စစ်ဆေးပါ။

(၅) သွေးခြေဥလွယ်ခြင်း

အသည်းမှာ ပြဿနာ တစ်ခုခု ရှိတဲ့ အခါ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေကို ပရိုတင်းထောက်ပံ့မှု နည်းသွား ပါတယ်။ အဲ့ဒီအခါ သွေး ကြောမျှင်လေးတွေမှာ

သွေးခဲခြင်းဖြစ်လာပြီး အတွင်းပိုင်းမှာ သွေးယိုစိမ့် မှုတွေဖြစ် လွယ်စေ ပါတယ်။ အဲ့ဒီတော့ တစ်ခုခုနဲ့ ထိခိုက် မိတာနဲ့ သွေးခြေဥသွားပြီး လွယ်လွယ် နဲ့ မပျောက်တော့ တာမျိုးဖြစ်တတ်ပါတယ်။

(၆) ဆီးအရောင်အရမ်းရင့်လာခြင်း

လူတစ်ယောက် ထဲမှာတောင် ဆီးအရောင်က အမြဲတမ်းတော့ တူမနေနိုင် ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အရောင်တွေ ကွဲပြားနေ မှာပါ။

ဒါပေမယ့် အမြဲတမ်းလိုလို ရှိသင့်တဲ့ အရောင်ထက် ရင့်တဲ့အရောင်ဖြစ်နေ တာမျိုး၊တခါတလေ အညိုရောင်၊ လိမေ္မာ်ရောင် နဲ့ အဝါရောင်ရင့် ရင့်တွေဖြစ် လာရင်တော့

အသည်းမှာ Bilirubin လို ခေါ်တဲ့ ပစ္စည်းတွေ အရမ်းပိုလျှံနေတာကြောင့်လို့ ပြောရမှာပါ။

(၇) အရေပြားပေါ်မှာ ပုံမှန်ထက်ယားယံခြင်း

ရေချိုးဆပ်ပြာနဲ့ မတည့် လို့ပဲဖြစ်ဖြစ်၊ အရေပြားခြောက်သွေ့တာကြောင့်ပဲဖြစ်ဖြစ် ယားယံတတ်ပါတယ်။ အဲ့ဒါမျိုးက ပုံမှန်ပါ။ ဒါပေမယ့် ည အိပ်တဲ့အခါ

တစ်ကိုယ်လုံး မခံမရပ်နိုင်အောင် ယားတာမျိုး၊အစားအစာတွေ တော်တော်များများနဲ့ ဓာတ်မတည့်ဖြစ်လာတာမျိုးတွေ ကြုံ လာရင်တော့

အသည်းမကောင်း တာကြောင့်ဖြစ် နိုင်ပါတယ်။ အသည်းဆိုတာ ခန္ဓာကိုယ်ထဲ မှာ အလုပ်တွေ အများဆုံး လုပ်ရတဲ့ ကိုယ် တွင်း အင်္ဂါ တစ်ခုဖြစ်ပြီး အသည်းမှာ ရောဂါတစ်ခုခုဖြစ်ရင် လူကို အချိန်တိုအတွင်း သေဆုံးစေ တဲ့အထိ ဖြစ်စေနို င်ပါတယ်။

အသည်းပျက်စီးလာတဲ့အခါ စောစောသိရင် ကုသဖို့ဖြစ်နိုင်ပေမယ့် သိတာနောက်ကျခဲ့ရင်တော့ ကုသဖို့ မလွယ်တော့ပါဘူး။

ခန္ဓာကိုယ် အတွက် အရမ်းအရေးကြီးတဲ့ အသည်း မပျက်စီးခင်မှာကုသနိုင်အောင် အသည်းမှာ ရောဂါ တစ်ခုခုဖြစ်ရင် ကြုံရတတ်တဲ့ ရှေ့ပြေးလ က္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

MAY THAZINHTOO

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

Health
မိမိႏွင့္ မတည့္ေသာ အစားမွား၍ အဆိပ္သင့္ခဲ့လွ်င္ ဘုမၼရာဇာျမစ္နဲ႔ ဧကရာဇ္ျမစ္ ကိုသတိရပါ

မိမိႏွင့္ မတည့္ေသာ အစားမွား၍ အဆိပ္သင့္ခဲ့လွ်င္ ဘုမၼရာဇာျမစ္နဲ႔ ဧကရာဇ္ျမစ္ ကိုသတိရပါ လူမွာအစားအေသာက္၊ အေနအထိုင္က သင့္တင့္မွ်တစြာ စားေသာက္ေနထိုင္ရပါမည္။ မိမိႏွင့္ မတည့္ေသာ အစား အစာ၊ တက္စာမ်ား စားေသာက္မိရင္ ေရာဂါေဝဒနာ ျဖစ္တတ္ပါသည္။ စားခ်င္တဲ့ စိတ္ဆႏၵကို ဦးစားေပးၿပီး မတည့္ ေသာ အစားအစာ မစားသင့္ပါဘူး။ ေန႔စဥ္စားေသာက္ေနတဲ့ အစားအစာေတြထဲမွာ အျခားသူေတြအတြက္ အဆင္ ေျပေပမယ့္ မိမိစားေသာက္မိရင္ မတည့္တဲ့ အစားအစာေတြကို အၿမဲသတိထားသင့္ ပါတယ္။ အစားမေတာ္ တလုပ္ ဆိုေသာ ထုံးႏွလုံးကို အၿမဲသတိမူႏိုင္ေအာင္ ေလ့က်င့္ စားေသာက္ပါ။ ငါးအသည္း၊ တညင္းသီး၊ ပဲျမစ္၊ မႈိတို႔ကို စား ေသာက္မိရင္ျဖစ္ေစ၊ မတည့္ေသာ …

Health
ဒူးနာသူတိုင္းကို ကိုယခ်င္းစာလို႔ ကိုယ္ေတြ႕ေပ်ာက္တဲ့နည္းေလး တင္ေပးလိုက္ပါတယ္

ဒူးနာသူတိုင္းကို ကိုယခ်င္းစာလို႔ ကိုယ္ေတြ႕ေပ်ာက္တဲ့နည္းေလး တင္ေပးလိုက္ပါတယ္ ဒူးနာဖူးသူမွသိလို႔ ကိုယ္ခ်င္းစာစိတ္နဲ႕ ေဆးနည္းတင္ေပး လိုက္ပါတယ္ေနာ္။ ဒီနည္းလမ္းက စာေရးဆရာမ လွိုင္း(ေတာင္ႀကီး)ရဲ႕ လက္ေတြ႕ ဒူးနာေပ်ာက္ေဆးနည္း တစ္ခုပါ။ ဒူးနာေပ်ာက္တဲ့ ​ေဆးနည္းေျပာျပမယ္ ေနာ္ လက္ေတြ႕သက္သာခဲ့တာမို႔ ဒူးနာေနတ ဲ့မိတ္ေဆြေတြ လုပ္ၾကည့္ေစ ခ်င္ပါတယ္ က်မညာဖက္ဒူးက တစ္စစ္စစ္နဲ႕ကိုက္ကိုက္ၿပီးနာေနတာ ေတာ္ေတာ္ၾကာေပါ့ နာလာရင္ေအာ္ေန ရတယ္….ေဆးမ်ိဳးစုံလိမ္းၾကည့္တာ ပူၿပီးနံတယ္ ခဏသက္သာတယ္ျပန္ျဖစ္ေရာ …ဒါနဲ႕ ေျခဖေနာင့္နာတုန္းကလုပ္ဖူးတဲ့ ေဆးနည္းအတိုင္း လုပ္ၾကည့္မယ္ ဆိုၿပီး ျပန္လုပ္ၾကည့္တာ ခုေတာ့ေပ်ာက္သြားလို႔ ရန္ကုန္မွာေခ်ာ္လဲ လို႔ရတဲ့ ဒဏ္ရာနာေနတာေၾကာင့္ခုျပန္လုပ္ ထားပါတယ္….ေျခသလုံးပုံပါေနလို႔ကန္ေတာ့ပါရွင္ ရွားေစာင္းလက္ပတ္ လက္တစ္ဝါးစာကို ဆူးေတြ လွီးထုတ္ၿပီးအျပားလိုက္ႏွစ္ျခမ္းျခမ္းလိုက္ပါ ….ၿပီးရင္မီးႏြေးႏြေးေလးကင္ပါ အပူခံနိုင္သေလာက္ကင္ၿပီးရင္ ဒူးေခါင္းေပၚမွာေျဖးေျဖးျခင္းတင္ပါ ၿပီးရင္ရွားေစာင္းလက္ပတ္ျပဳတ္က်မွာစိုးလို႔ပုံပါအတိုင္း ႂကြပ္ႂကြပ္အိပ္ ကိုအေနေတာ္ညွပ္ၿပီ …

မ်က္႐ိုး ကိုက္တတ္သူမ်ား နဲ႔ မ်က္မွန္ သမားမ်ားအတြက္ ေဆးနည္း
Health
မ်က္႐ိုး ကိုက္တတ္သူမ်ား နဲ႔ မ်က္မွန္ သမားမ်ားအတြက္ ေဆးနည္း

မ်က္႐ိုး ကိုက္တတ္သူမ်ား နဲ႔ မ်က္မွန္ သမားမ်ားအတြက္ ေဆးနည္း ပရိတ္ သတ္ႀကီးေရ အသက္(၃၀)ေက်ာ္မွပဲ မ်က္စိမၾကည္။ မႈန္ဝါးဝါးမို႔ ဆရာဝန္ ျပၾကည့္ေတာ့ အနီးၾကည့္ ပါဝါ (+၁၅၀)ဒီဂရီ မ်က္မွန္ တပ္ခဲ့ရ သည္ ။ အခု အသက္(၄၀)ေက်ာ္မွ မ်က္မွန္လြတ္ေလေတာ့ ထူးဆန္းေနသလို အမ်ားက ထင္ၾကေတာ့ သည္ ။ ေဆးနည္းအခ်ိဳး အစားအတိုင္း လြယ္ကူစြာ ေဖၚစပ္ ရန္ျဖစ္ေလသည္။ ေဆးနည္း (၁) ဆီးျဖဴးသီးကို ထု ေထာင္းၿပီးအေစ့ ဖယ္ေနလွန္းအမႈန႔္ျပဳလုပ္ရန္။ (၂) ႀကိတ္မွန္႐ြက္ကိုခူးအရိပ္မွာ အလိုအေလ်ာက္ သဘာဝအတိုင္းအေျခာက္ ခံအမႈန႔္ျပဳရန္။ (၃) ကြမ္း႐ြက္ကို အေျခာက္ လွန္းအမႈန႔္ျပဳရန္။ (၄) ပ်ားရည္စစ္စစ္ …