
Health














Credit

Unicode

ခါးနာတဲ့ရောဂါဝေဒနာကို လုံးဝ အကင်းအရှင်း ပျောက်ကင်းစေတဲ့ တိုင်းရင်းဆေးနည်း

အကြောင်း အမျိုးမျိုးကြောင့် ခါးနာ တယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ အထိုင်များခြင်း အိပ်ဆက်ပုံ မမှန်ခြင်း နဲ့ တစ်ခြားဆိုးရွားတဲ့ ရောဂါတစ်ခုကြောင့်လည်း ခါးနာခြင်းကို ဖြစ်စေနိုင်ပါတယ်။ ခါးနာ ရောဂါက တကယ်ကို ဆိုးရွားသလို ခါးကိုက်ပြီးဆိုရင်


ဘယ်လောက်ခံရခက်တယ်ဆိုတာ ဝေဒနာခံစားရတဲ့ သူတွေ အသိဆုံးဖြစ်ပါတယ်။ခါးနာရောဂါခံစားရပြီ ဆိုတာနဲ့ သေချာ ကုသသင့်သလို နာတာရှည်ရောဂါဖြစ်နိုင်တာကြောင့် အရမ်းကို ဆိုးရွားတဲ့ သေချာ ကုသဖို့ အတွက်ဆေးနည်းကောင်း လိုအပ်ပါတယ်။

ဒါကြောင့် အနောက်တိုင်းဆေးပညာတွေ ထက်ပိုပြီးတော့ အစွမ်းထက်ပြီး ရှေးယခင် ကတည်းက အသုံးဝင်ခဲ့တဲ့ ခါးနာ သက်သာပျောက် ကင်းစေတဲ့ ဆေးနည်းလေးကို ပြန်လည် ဝေမျှပေးချင် ပါတယ် ။


တိုင်းရင်းဆေးဖြစ်တာကြောင့် လူတော်တော်များများ သိကြတဲ့ အရွက် တစ်မျိုး ဖြစ်တဲ့ သက်ရင်းကြီးရွက်နဲ့ ကုသနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ သက်ရင်းကြီးရွက် က အသည်းရောဂါတွေအတွက် အရမ်းကောင်းတဲ့ အရွက်တစ်မျိုး ဖြစ်သလို အခြားရောဂါတွေများစွာ ကိုလည်း ပျောက်ကင်းစေနိုင်တဲ့ ဆေးစွမ်းထက်တဲ့ နတ်ပင်တစ်မျိုးဖြစ်ပါတယ်။


သက်ရင်းကြီးရွက် နဲ့ ခါးနာပျောက်အောင် ကုသနည်းကတော့ သက်ရင်းကြီးရွက် (၉)ရွက်ခန့်ကို ရေစင်အောင် သေချာစင်ကြယ်စွာ ဆေးကြောရပါမယ်။ ပြီးရင်တော့ ဆေးထားတဲ့ ထဲက (၃)ရွက်ကို ယူပြီး မနူးမရင့် အခြေအနေ ထိရောက်အောင် မီးကင်လိုက်ပါ။


ကျန်တဲ့ အရွက်တွေကိုတော့ ကြေညှက်အောင် ထောင်းလိုက်ပါ။ ရလာတဲ့ သက်ရင်းကြီးရွက် အဖတ်တွေကို မီးကင်ထားတဲ့ အရွက်ပေါ်တင်ပြီး ခါးမှာ ကပ်လိုက်ပါ။ပြီးရင်တော့ အဝတ်စပဲ ဖြစ်ဖြစ် ပတ်တီးပဲ ဖြစ်စြဖ် စည်းပေးထားပါ။


ဒီနည်းလေးကို ညဘက်အိပ် တဲ့အခါမှာ ကပ်ပြီး ပလက်အနေ အထား အိပ်စက်ပေးရ ပါမယ်။ ဆက်တိုက်ပုံမှန် လုပ်ပေးသွာ းမယ်ဆိုရင် ခါးနာ ဝေဒနာကို လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်စွမ်း ရှိတာကြောင့် မေတ္တာဖြင့် ပြန်လည်ဝေမျှပေး လိုက်ပါတယ် ။

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

Health
မိမိနှင့် မတည့်သော အစားမှား၍ အဆိပ်သင့်ခဲ့လျှင် ဘုမ္မရာဇာမြစ်နဲ့ ဧကရာဇ်မြစ် ကိုသတိရပါ

မိမိနှင့် မတည့်သော အစားမှား၍ အဆိပ်သင့်ခဲ့လျှင် ဘုမ္မရာဇာမြစ်နဲ့ ဧကရာဇ်မြစ် ကိုသတိရပါ လူမှာအစားအသောက်၊ အနေအထိုင်က သင့်တင့်မျှတစွာ စားသောက်နေထိုင်ရပါမည်။ မိမိနှင့် မတည့်သော အစား အစာ၊ တက်စာများ စားသောက်မိရင် ရောဂါဝေဒနာ ဖြစ်တတ်ပါသည်။ စားချင်တဲ့ စိတ်ဆန္ဒကို ဦးစားပေးပြီး မတည့် သော အစားအစာ မစားသင့်ပါဘူး။ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ အခြားသူတွေအတွက် အဆင် ပြေပေမယ့် မိမိစားသောက်မိရင် မတည့်တဲ့ အစားအစာတွေကို အမြဲသတိထားသင့် ပါတယ်။ အစားမတော် တလုပ် ဆိုသော ထုံးနှလုံးကို အမြဲသတိမူနိုင်အောင် လေ့ကျင့် စားသောက်ပါ။ ငါးအသည်း၊ တညင်းသီး၊ ပဲမြစ်၊ မှိုတို့ကို စား သောက်မိရင်ဖြစ်စေ၊ မတည့်သော …

Health
ဒူးနာသူတိုင်းကို ကိုယချင်းစာလို့ ကိုယ်တွေ့ပျောက်တဲ့နည်းလေး တင်ပေးလိုက်ပါတယ်

ဒူးနာသူတိုင်းကို ကိုယချင်းစာလို့ ကိုယ်တွေ့ပျောက်တဲ့နည်းလေး တင်ပေးလိုက်ပါတယ် ဒူးနာဖူးသူမှသိလို့ ကိုယ်ချင်းစာစိတ်နဲ့ ဆေးနည်းတင်ပေး လိုက်ပါတယ်နော်။ ဒီနည်းလမ်းက စာရေးဆရာမ လှိုင်း(တောင်ကြီး)ရဲ့ လက်တွေ့ ဒူးနာပျောက်ဆေးနည်း တစ်ခုပါ။ ဒူးနာပျောက်တဲ့ ​ဆေးနည်းပြောပြမယ် နော် လက်တွေ့သက်သာခဲ့တာမို့ ဒူးနာနေတဲ့မိတ်ဆွေတွေ လုပ်ကြည့်စေ ချင်ပါတယ် ကျမညာဖက်ဒူးက တစ်စစ်စစ်နဲ့ကိုက်ကိုက်ပြီးနာနေတာ တော်တော်ကြာပေါ့ နာလာရင်အော်နေ ရတယ်….ဆေးမျိုးစုံလိမ်းကြည့်တာ ပူပြီးနံတယ် ခဏသက်သာတယ်ပြန်ဖြစ်ရော …ဒါနဲ့ ခြေဖနောင့်နာတုန်းကလုပ်ဖူးတဲ့ ဆေးနည်းအတိုင်း လုပ်ကြည့်မယ် ဆိုပြီး ပြန်လုပ်ကြည့်တာ ခုတော့ပျောက်သွားလို့ ရန်ကုန်မှာချော်လဲ လို့ရတဲ့ ဒဏ်ရာနာနေတာကြောင့်ခုပြန်လုပ် ထားပါတယ်….ခြေသလုံးပုံပါနေလို့ကန်တော့ပါရှင် ရှားစောင်းလက်ပတ် လက်တစ်ဝါးစာကို ဆူးတွေ လှီးထုတ်ပြီးအပြားလိုက်နှစ်ခြမ်းခြမ်းလိုက်ပါ ….ပြီးရင်မီးနွေးနွေးလေးကင်ပါ အပူခံနိုင်သလောက်ကင်ပြီးရင် ဒူးခေါင်းပေါ်မှာဖြေးဖြေးခြင်းတင်ပါ ပြီးရင်ရှားစောင်းလက်ပတ်ပြုတ်ကျမှာစိုးလို့ပုံပါအတိုင်း ကြွပ်ကြွပ်အိပ် ကိုအနေတော်ညှပ်ပြီ …

Health
အသည်း ပျက်စီး နေပြီ ဆိုတာ ပြသနေ တဲ့ အဓိကလက္ခဏာ (၇)မျိုး အကြောင်း

အသည်း ပျက်စီး နေပြီ ဆိုတာ ပြသနေ တဲ့ အဓိကလက္ခဏာ (၇)မျိုး အကြောင်း….. (၁) မျက်လုံးနဲ့ အသားအရောင်ဝါ လာခြင်း အသားအရေနဲ့ မျက်လုံးတွေ ဝါနေတယ် ဆိုရင် အသည်းက ပြဿနာ တစ်ခုခုဖြစ်နေပါပြီ။ တကယ်လို့ တံတွေးတွေ ကပါ ဝါကျင်ကျင် အရောင်ပြောင်းလာပြီ ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်း သွားပြသင့်တဲ့ အခြေအနေဖြစ်နေ ပါပြီ။ (၂) ဝမ်းဗိုက်အလွန်ဖောင်းလာခြင်း ဝမ်းဗိုက်နေရာက အမြဲလိုလို ဖောင်းနေတယ်၊ နေရထိုင် ရတာလည်း သက်တောင့် သက်သာမရှိဘူး၊ အမြဲလိုလို ပြည့်အင့်တဲ့ ခံစားချက်မျိုး ဖြစ်နေတယ်၊ ကိုယ်ဝန်ဆောင် တစ်ယောက်လို့ ထင်ရလောက်အောင် ဝမ်းဗိုက်က ဖောင်းနေတယ်ဆိုရင်လည်း အသည်းကြောင့် …