Health
Credit
Unicode
လူတိုင်းမသိသေးတဲ့ ကင်ပွန်းချဉ်ရဲ့အံ့မခမ်း အစွမ်း
ကင်ပွန်းချဉ် အရမ်းကြိုက်တဲ့ သူတွေအတွက် အစာလဲဆေးဆေးလဲ အစာ ဆိုတဲ့အတိုင်း ဘယ်လို ဆေးဖက်ဝင်လဲဆိုတာဗဟုသုတရအောင် ပြန်လည်‌မျှေပေးလိုက်ပါတယ်နော် ။ အားလုံး အသက်ထက်ဆုံးကျန်းမာပျှော်ရွှင် နိုင်ကြပါစေ ။ မြန်မာဆေးကျမ်းများအလိုအရ
ကင်ပွန်းပွင့်သည် ချို၏ ၊ အေး၏ ၊ လေသလိပ်သည်းခြေကို နိုင်သည် ။ ကင်ပွန်းရွက်သည် ပူ၏ ၊ ချဉ်၏ ၊ အပူကြောင့်ဖြစ်သော အခိုး အကင်းကို ငြိမ်းစေ၏ ၊ ဝမ်းရပ်ခြင်းကို ပြုတတ်၏ ။
ကင်ပွန်းသီးသည် ခါး၏ ၊ အေး၏ ၊ အစာကို ကြေညက်စေ၍ ဝမ်းကို သက်စေသည်။အသီးသည် လေအောင့်ရောဂါ ၊ သွေးနှင့်ဆိုင်သော ရောဂါ ၊ အဖြူကွက်ပေါ်သောရောဂါ ၊ အစာအိမ်ရောဂါနှင့် ဝမ်းချုပ်ခြင်းကို ပျောက်စေသည်။အသီးနှင့် အရွက်ပြုတ်ရည်ကို ဝမ်းပျော့
ဆေးရည်အဖြစ် သုံးသည်။အသီးပြုတ်ရည်နှင့် ခေါင်းလျှော်ပေးခြင်းဖြင့် ဆံပင်သန်စေသည်။အသီးကိုကြိတ်၍ အရေပြားရောဂါကို လိမ်းပေးလျှင် ပျောက်၏။အသီးများကို မြွေဆိပ်ကုဆေး ဖော်စပ်ရာ၌လည်း သုံးသည်။ စိန် နှင့်သံပုရာ စားမိသူအား ကင်ပွန်းသီးကို ကျိုပြီးလက်ဖက်ရည် ပန်းကန်
တစ်လုံးခန့် တိုက်ပေးသော် စားထားသော စိန်နှင့် သံပုရာများ ပြန်အန်ထွက်စေ၏။အရွက် ရေနွေးဖျောရည်ကို ငှက်ဖျားရောဂါ အတွက် သုံးသည်။ ဝမ်းဗိုက် လေပွခြင်းအတွက် ၎င်းအရည်ကိုသောက်ခြင်းဖြင့် ဝမ်းပျော့ပျော့သွား၍ ပျောက်စေသည်။
အရွက်နုကလေးများကို ငရုတ်ကောင်းရည်တွင် စိမ်၍ ဆား ၊ မန်ကျည်းသီး ၊ ငရုတ်သီး နှင့် ရောထောင်းပြီး အသည်းရောင် အသားဝါရောဂါ ၊ သည်းခြေရောဂါ စသည်တို့အတွက် တိုက်ကျွေးက သက်သာစေသည်။အရွက်နုများကို ညဉ့်သိပ်စိမ်ပြီး သောက်သော် အဖျဉ်းရောဂါ ပျောက်၏။
အရွက်နုများကို ကြိတ်၍ အသည်းရောင်သော နေရာ၌ လိမ်းကျံပေးက သက်သာစေ၏ကျောက်ကပ် နှလုံး အသည်းရောဂါတွေတောင် ပျောက်စေလို့ သိမ်းထားပါပူပြင်း ခြောက်သွေ့သော နွေကာလနှင့် လိုက်ဖက်သော အစာလည်းဆေး၊ ဆေးလည်း အစာ တစ်မျိုးမှာ ကင်ပွန်းချဉ် ဖြစ်သည်။
ကျန်းမာသူ အတွက် အာဟာရဖြစ်ပြီး မကျန်းမာသူ အတွက် ဆေးဝါးဓာတ်စာ ဖြစ်သည့် ကင်ပွန်းချဉ်ကို အဖိုးနည်းဝန်ပါ သူသူငါငါ လွယ်ကူစွာ စားသုံး နိုင်သည်။
ကင်ပွန်းချဉ်ပင်သည် နွယ်ယောင်ပင်ယောင်ချုံပင်မျိုးဖြစ်သည်။ပျော့ပျောင်းသော ပင်စည်နှင့် အရွက်တံတို့တွင် ဆူးရှိသည်။ အခက်စိမ်းများ၌ နီမှိုင်းမှိုင်း အရောင်အဆင်း ရှိသည်။အရွက် သေး ငယ်ပြီး ရွက်ထိပ် ဝိုင်းသည်။
အသီးမှာ သီးတောင့်ရှည် မျိုးပြား၍ ဖြောင့်သည်။အစေ့များ ကြားတွင် အဆစ်များ ဖြစ်ကာ ချိုင့်ဝင်နေသည်။မြန်မာနိုင်ငံ အနှံ့အပြား သဘာဝ အလျောက် အလေ့ကျ ပေါက်သော စားသုံးပင် ဖြစ်သည်။
ကင်ပွန်းချဉ်သည်အသည်းအတွက် အစွမ်းထက် အသုံးဝင်သည်။ကင်ပွန်းချဉ်ကို ဟင်းချို ချက်သောက်ခြင်း၊ အချဉ်ချက်ပြုတ် စားခြင်း၊ ကြော်စားခြင်း၊ မီးကင်စားခြင်းများ ပြုနိုင်သည်။
အရွက်နုကိုငရုတ်ကောင်း အရည်တွင်စိမ်၍ ဆား၊မန်းကျည်းသီး၊ ငရုတ်သီးနှင့် ရောထောင်းပြီး တိုက်ကျွေးလျှင်အသည်းရောင်အသား ဝါရောဂါ၊သည်းခြေ ရောဂါတို့ကို သက်သာ စေသည်။အရွက်နုကို ကြိတ်ပြီး အသည်းရောင်သည့် နေရာကို စိတ်ရှည် လက်ရှည် လိမ်းပေးပါ
က ရောဂါ သက်သာသည်။အရွက်နုကိုညက်အောင်ထောင်း တစ်ညသိပ်ပြီးသကြားအနည်းငယ် ထည့်၍ ရေကျက် အေးနှင့် နေ့စဉ်မှန်မှန်သောက်ပေးလျှင် အဖျဉ်း(ရေဖျဉ်း)ရောဂါ ပျောက်သည်။ကိုယ်ဖော ကိုယ်ရောင် အူရောင် မြင်းသရိုက် လေနာမြစ်ခြောက်နာ စသည် တို့ကိုလည်း နိုင်သည်။ကင်ပွန်းချဉ်ရွက်ကို ရေနွေးဖျောပြီး
သောက်က ဝမ်းချုပ်လေချုပ် ပျောက်ကင်း၍ ဝမ်းပျော့ ဝမ်းမှန် စေသည်။ ဝမ်းဗိုက်လေပွ လေထခြင်းကို တန့်စေသည်။လေနာ လေအောင့်လေထိုး လေစူး သက်သာသည်။ကင်ပွန်းချဉ်ရွက် ဟင်းချိုသည် လူနှင့် အခါခပ်သိမ်း တည့်သည်။ကိုယ်တွင်း အပူကို ငြိမ်းစေသည်။ကျောက်ကပ်ကို အားပေးသဖြင့်
ဆီးရွှင်သည်။ဆီးပူဆီး အောင့်ညောင်းကျ ပန်းသေ ပန်းညှိုးမှ အစကောင်းမွန်သည်။ေ သွးသားကို သန့်စင်စေသဖြင့် ရုပ်ဆင်းအင်္ဂါနုပျိုကြည်လင်ကာ အဆီကျ ပေါ့ပါး စေပါသည်။
ငှက်ဖျားရောဂါ၊ အစာအိမ်ရောဂါ၊ သွေးနှင့် ဆိုင်သော ရောဂါ၊ အဖြူကွက်ထ ရောဂါရှိသူတို့ အနေဖြင့် ကင်ပွန်းချဉ် အမြဲစားသုံး သင့်သည်။နှလုံးရောဂါ ရှိသူအား ကင်ပွန်းချဉ် ငါးကျပ်သား၊ ထန်းလျက်၁ဝ ကျပ်သား၊ ဆားအသင့်အတင့်နှင့် ကျို၍ တစ်နေ့သုံးကြိမ်မှီဝဲ စေသင့်သည်။
နာလန်ထစ လူမမာအား ကင်ပွန်းချဉ်ရွက်ဟင်းချိုနှင့်ထမင်းပူပူတွင် နှပ်ထားသော ငါးပုပ်ခြောက်တို့ အတူ ကျွေးပါကစားရသူလူမမာ အလွန်အဆင် ပြေသည်။ကင်ပွန်းချဉ်ရွက်ကို အသားငါး တစ်မျိုးမျိုးနှင့်ရောနှော၍ကြော်စားလျှင် ထမင်းမြိန်ပါသည်။
အစာလမ်းကြောင်း မကောင်းသူများ၊ အစာမကြေ ရောဂါ ရှိသူများနှင့် အူရောင်ရောဂါ ရှိသူများ အတွက် ကင်ပွန်းချဉ်ကို အချဉ်ချက်ပြုတ် စားပေးရန် လိုသည်။ကင်ပွန်းချဉ်ရွက်နုကို အမှုန့်ရအောင် လှီးပြီး ကြက်သွန်ဖြူ၊ ဆိတ်ဖူး၊ နနွင်း၊ ဆား၊ ငါးပိ၊ ပုစွန် ခြောက်မှုန့်၊ သီဟိုဠ်စေ့ သင့်ရုံထည့်၍ ဆီဖြင့် နှံ့အောင်နယ်ပါ။
ဂျုံမှုန့်နှင့် အနေတော် ဆုပ်နယ်၍ မီးပြထားသော ရဲယိုရွက်နှင့် ထုပ်ပါ။ငှက်ပျောရွက်ဖြင့် ထပ်မံ ထုပ်ပြီးနောက် ညှပ်ဖြင့် အထက်အောက်လှန် မီးကင်လျှင် အနံ့သင်းသင်း ကင်ပွန်းချဉ်ရွက်ကင်ကို ရသည်။ေ နမကောင်းသူများ၊ ခံတွင်း ပျက်သူများကို ဓာတ်စာဆေးဝါး အဖြစ် စားသုံး စေနိုင်သည်။
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
မိန်းကလေးများ အခန့်မသင့်ရင်အသက်ပါ ဆုံးရှုံးနိုင်သဖြင့် သတိပြုမိစေရန်အတွက်…
Health
မိန်းကလေးများ အခန့်မသင့်ရင်အသက်ပါ ဆုံးရှုံးနိုင်သဖြင့် သတိပြုမိစေရန်အတွက်…
မိန်းကလေးများ အခန့်မသင့်ရင်အသက်ပါ ဆုံးရှုံးနိုင်သဖြင့် သတိပြုမိစေရန်အတွက်… အမျိုးသမီး မိန်းကလေးများ အခန့်မသင့်ရင် အသက်ပါ ဆုံးရှုံးနိုင်သဖြင့် သတိပြုမိစေရန် အတွက်ရှယ်ပေးခြင်း ဖြင့်ကူညီကြပါရှင့် … ။ ကျေးဇူးပြုပီး သင်သိသော အမျိုးသမီးများ ကိုမျှဝေပေးပါ .. ။ (သင်သည် အမျိုးသား တစ်ယောက်ဆိုပါက ယခုအကြောင်းရာ အားအမျိုးသမီးများ အတွက် မျှဝေပေးပါ..) အမျိုးသမီးများ ရာသီ ကာလ အတွင်း အောက်ပါ အချက်များ မလုပ်သင့်ပါ။ ဒါတွေကတော့ ၁။ ရာသီချိန် ကာလ အတွင်းရေခဲရေ ၊ ဆိုဒါမသောက်သုံးသင့်သလို အုန်းသီးလဲ မစားသင့်ပါ ။ သုတေသီ များ၏ လေ့လာချက် များအရ ရာသီကာလအတွင်း ရေခဲရေ …
Health
မိမိနှင့် မတည့်သော အစားမှား၍ အဆိပ်သင့်ခဲ့လျှင် ဘုမ္မရာဇာမြစ်နဲ့ ဧကရာဇ်မြစ် ကိုသတိရပါ
မိမိနှင့် မတည့်သော အစားမှား၍ အဆိပ်သင့်ခဲ့လျှင် ဘုမ္မရာဇာမြစ်နဲ့ ဧကရာဇ်မြစ် ကိုသတိရပါ လူမှာအစားအသောက်၊ အနေအထိုင်က သင့်တင့်မျှတစွာ စားသောက်နေထိုင်ရပါမည်။ မိမိနှင့် မတည့်သော အစား အစာ၊ တက်စာများ စားသောက်မိရင် ရောဂါဝေဒနာ ဖြစ်တတ်ပါသည်။ စားချင်တဲ့ စိတ်ဆန္ဒကို ဦးစားပေးပြီး မတည့် သော အစားအစာ မစားသင့်ပါဘူး။ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ အခြားသူတွေအတွက် အဆင် ပြေပေမယ့် မိမိစားသောက်မိရင် မတည့်တဲ့ အစားအစာတွေကို အမြဲသတိထားသင့် ပါတယ်။ အစားမတော် တလုပ် ဆိုသော ထုံးနှလုံးကို အမြဲသတိမူနိုင်အောင် လေ့ကျင့် စားသောက်ပါ။ ငါးအသည်း၊ တညင်းသီး၊ ပဲမြစ်၊ မှိုတို့ကို စား သောက်မိရင်ဖြစ်စေ၊ မတည့်သော …
Health
ဒူးနာသူတိုင်းကို ကိုယချင်းစာလို့ ကိုယ်တွေ့ပျောက်တဲ့နည်းလေး တင်ပေးလိုက်ပါတယ်
ဒူးနာသူတိုင်းကို ကိုယချင်းစာလို့ ကိုယ်တွေ့ပျောက်တဲ့နည်းလေး တင်ပေးလိုက်ပါတယ် ဒူးနာဖူးသူမှသိလို့ ကိုယ်ချင်းစာစိတ်နဲ့ ဆေးနည်းတင်ပေး လိုက်ပါတယ်နော်။ ဒီနည်းလမ်းက စာရေးဆရာမ လှိုင်း(တောင်ကြီး)ရဲ့ လက်တွေ့ ဒူးနာပျောက်ဆေးနည်း တစ်ခုပါ။ ဒူးနာပျောက်တဲ့ ​ဆေးနည်းပြောပြမယ် နော် လက်တွေ့သက်သာခဲ့တာမို့ ဒူးနာနေတဲ့မိတ်ဆွေတွေ လုပ်ကြည့်စေ ချင်ပါတယ် ကျမညာဖက်ဒူးက တစ်စစ်စစ်နဲ့ကိုက်ကိုက်ပြီးနာနေတာ တော်တော်ကြာပေါ့ နာလာရင်အော်နေ ရတယ်….ဆေးမျိုးစုံလိမ်းကြည့်တာ ပူပြီးနံတယ် ခဏသက်သာတယ်ပြန်ဖြစ်ရော …ဒါနဲ့ ခြေဖနောင့်နာတုန်းကလုပ်ဖူးတဲ့ ဆေးနည်းအတိုင်း လုပ်ကြည့်မယ် ဆိုပြီး ပြန်လုပ်ကြည့်တာ ခုတော့ပျောက်သွားလို့ ရန်ကုန်မှာချော်လဲ လို့ရတဲ့ ဒဏ်ရာနာနေတာကြောင့်ခုပြန်လုပ် ထားပါတယ်….ခြေသလုံးပုံပါနေလို့ကန်တော့ပါရှင် ရှားစောင်းလက်ပတ် လက်တစ်ဝါးစာကို ဆူးတွေ လှီးထုတ်ပြီးအပြားလိုက်နှစ်ခြမ်းခြမ်းလိုက်ပါ ….ပြီးရင်မီးနွေးနွေးလေးကင်ပါ အပူခံနိုင်သလောက်ကင်ပြီးရင် ဒူးခေါင်းပေါ်မှာဖြေးဖြေးခြင်းတင်ပါ ပြီးရင်ရှားစောင်းလက်ပတ်ပြုတ်ကျမှာစိုးလို့ပုံပါအတိုင်း ကြွပ်ကြွပ်အိပ် ကိုအနေတော်ညှပ်ပြီ …