အကြွေးဆိုပြီး လျှော့မတွက်လေနှင့်…ဆပ်ဖြစ်အောင်ဆပ်ပါ။

Knowledge

အကြွေးဆိုပြီး လျှော့မတွက်လေနှင့်…ဆပ်ဖြစ်အောင်ဆပ်ပါ။

ကြွေးယူပြုံးပြုံ းတောင်းတော့မုန်း၏်။ အကြွေးဆိုတာ မဆပ်ပဲ နေလျှင်တစ်ဘဝပါ။သို့သော် တစ်ဘဝပဲဆိုပြီးတော့ လျော့မတွက်လိုက်ပါနှင့်

 

မိတ်ဆွေ …

ထို အကြွေးကို ကျေအောင်မဆပ်ခဲ့ရင် ဝဋ်ကြွေး ဖြစ်သွားပါလိမ့်မည်။ဝဋ်ကြွေးဆိုသည်ကတော့ထာဝရဆပ်ရမည်မှာ မလွဲပင် ။ရစရာရှိသောသူများသည် မိမိတို့ ကြပ်တည်းလာတိုင်း ရရန်ရှိသော ငွေကြေးများကိုသာ အားကိုးတကြီး မျှော်လင့်ရသည် ။

ကိုယ့်ဆီက မရသောကြောင့် တစ်ပါးသူ အခက်အခဲပေါင်းများစွာနှင့် စိတ်ဆင်းရဲရလေလေကိုယ်ဆပ်ရမည့် ဝဋ်ကြွေးတန်ဖိုးကြီးမားလေလေဖြစ်မည်ကိုလည်း သိစေလိုပါသည် ။

သင်တို့ ရဟန်း ဝတ်ဖူးပေလိမ့်မည်။သင်တို့အသက်၂၀ပြည့်ပြီးလို့ ဒုလ္လဘရဟန်းအနေနဲ့သာသနာ့ဘောင်ကို ဝင်တော့မယ်ဆိုလျှင်သင်တို့ကိုရဟန်းပြုသိမ်ဝင်ပေးမယ့် ဆရာတော်က

” အသင်တို့ဟာ အမှန်တကယ်ကြွေးမှီများ ကင်းရှင်းသူများဖြစ်ကြပါရဲ့လား ” ဆိုပြီး မေးလာခဲ့သည်ရှိသော် ကြွေးမှီများကင်းပါတယ်ဖြစ်ကြောင်းကိုလိပ်ပြာသန့်သန့်ဖြင့်ဖြေနိုင်ဖို့အရေးကြီးသည် ။

ကြွေးပူများ (မိမိမှမပေးရင် တစ်ဖက်လူဒုက္ခရောက်တာ့မယ့်အနေအထား ) ရှိနေခဲ့သော် မြင့်မြတ်သော ရဟန်းအဖြစ်သို့မြတ်စွာဘုရား၏သာသနာမှ လက်မခံပါ ။

 

ခြွင်းချက်အနေဖြင့် အကြွေးပင် ရှိနေသော်ငြားလည်း မကျေကျေအောင် ဆပ်မည်ဆိုသူများ သို့မဟုတ် ကြွေးရှင်မှ ကြွေးပူအဖြစ် မသတ်မှတ်ဘဲ အဆင်ပြေသည်အထိ စောင့်ပါမည်ဟု ခွင့်ပြုပေးထားသူများအားရဟန်းအဖြစ်သို့ လက်ခံမည်ဟု ဆိုထားသော်လည်း

ကြွေးမှီများလည်း မကင်းကြ ဆပ်ချင်စိတ်လည်း မရှိသူများအဖို့ကားနည်းလမ်းမရှိနိုင်ပေ။

သူတပါးအားမျက်ရည်ကြီးငယ်ကျစေသောအကုသိုလ်ကံ အကျိုးပေးအဖြစ် မြင့်မြတ်သော ရဟန်းအဖြစ်သို့ရောက်ရမည့် အခွင့်အရေးအားယခုဘဝတွင် လောလောလတ်လတ် ဆုံးရှုံးရမည်ဖြစ်သည် ။

နောက်ဘဝများတွင်လည်း ကောင်းသောအကျိုးပေးများ ရရှိနိုင်မည်ဟု ရာနှုန်းပြည့် မျှော်လင့်၍မရနိုင်တော့ပါ ။

ထို့ကြောင့် ကြွေးပေးရန်ရှိသူများအနေနဲ့ မိမိသာတိရစ္ဆာန်ဘဝမျိုးရောက်နေခဲ့လျှင်မည်သို့သောနည်းဖြင့်ကြွေးဆပ်ရမည်ကိုတွေးကြည့်ဖို့လိုသည် ။

အကြွေးများကင်းရှင်းရန်နှင့် ဝဋ်ကြွေးများဆပ်ရန်အကောင်းဆုံးအချိန်အခါဖြစ်သောလူဖြစ်နေတုန်းအခိုက်မှမဆပ်နိုင်ခဲ့လျှင်သံသရာအဆက်ဆက်အထိ မကျေမချင်း ခန္ဓာနဲ့ရင်းပြီး ဆပ်ရန်သာရှိတော့သည် ။

အသင်သာ ဉာဏ်ရည်နိမ့်ပါးသူမဟုတ်ခဲ့လျှင်တိရစ္ဆာန်ဘဝထက်လက်ရှိအချိန်သည်သာအကြွေးဆပ်ရန်အကောင်းဆုံးဆိုသောအဖြေကိုမဆိုင်းမတွ ရရှိပေလိမ့်မည် ။

 

အပြောချိုချိုဖြင့်ငွေတိုးချေးပြီး ပြန်မဆပ်ချင်သဖြင့်တိုင်ချင်ရာတိုင်ဆိုသည့်သူများ၊လောင်းကစားများလုပ်ပြီးကြွေးမပေးနိုင်သော်ငြားလည်းကြွေးရှင်လာတောင်းသောအခါ ဟိုတိုင်မည်ဒီတိုင်မည်လုပ်ပြီး ကြွေးမရတဲ့သောကအပြင် စိတ်ဒုက္ခပါထပ်ပေးသူများ ၊

အကြွေးဆပ်ရန် တစ်စုံတစ်ရာအားထုတ်ကြိုးစားခြင်း မရှိဘဲပေးပါမည်၊ပေးပါမည်ဟု မျှော်လင့်ချက်ပေး၍လူကြားကောင်းရန်၊အနေအစားချောင်ရန်အသံကောင်းဟစ်ပြီးမှ အမြဲတစေအဆင်မပြေပါဟု ငြီးငြူနေတတ်သူများ ၊

အမွေဆိုင်ပစ္စည်းများကိုအပိုင်စည်းထားပြီးခွဲမပေးချင်သူများ ၊ယုံကြည်မှုကိုအလွဲသုံးစားလုပ်သူများ စသည့် ညစ်ကျယ်ကျယ် အတွေးမျိုးဖြင့် စိတ်ထားယုတ်ညံ့သူများသည်

မည်သည့်အခြေနေမှ လူမွေးမပြောင်နိုင်ပါ .ဒုက္ခပေါင်းစုံဖြင့်သာ ကျင်လည်နေရပေမည် ။

ထိုသို့သော လူ(အချို့) သည် နောင်ဘဝများတွင်လူဖြစ်သော်လည်း အရူး ၊မွေးရာပါဉာဏ်ရည်နိမ့်သူ ၊

 

ကိုယ်လက်အင်္ဂါချို့တဲ့သူတိရစ္ဆာန်ဖြစ်လျှင်လည်း မစင်ပုံထဲက လောက် ၊မစင်ပဲစားရသည့် ခွေး ၊နေ့မအား ညမအားအခိုင်းခံရသော နွား စသဖြင့်ဝဋ်ကြွေးအတွက်ခန္ဓာကိုယ်ကိုရင်းပြီးဘဝပေါင်းစုံတွင် မကျေမချင်း

သံသရာအဆက်ဆက်ပေးဆပ်ရတတ်သည်။ကျိန်စာတိုက်ခြင်းမဟုတ်ပါ ။

သို့သော် ကိုယ်ပြုသော မကောင်းမှုကံကိုယ့်ထံ ( ကြိမ်းသေ ) ပြန်လာမည်မှာ အမှန်ပင် ။စကားလက်ဆောင်တစ်ခု ပါးလိုပါသည်။အကြွေးဆိုသည်မှာ ဆပ်ချင်စိတ်ရှိရန်သာ လိုအပ်ပေသည် …

ဆပ်ချင်စိတ်သာရှိလျှင် ရပေါက်ရလမ်းများလည်းအလိုလိုပွင့်လာပေလိမ့်မည်။မယုံလျှင် အကြွေးပေးလိုသောစိတ်ရင်းစေတနာအမှန်ဖြင့်အားထုတ်ကြိုးစားကြည့်ကြပါ ။

မိတ်ဆွေ …

အချိန်မနှောင်းသေးပါ ဒီစာကိုဖတ်ပြီးလျှင်သင်ပေးစရာရှိသူထံသွား၍ ကြွေးကျေအောင်ဆပ်ပါမည်ဟူသောကတိနှင့် အတူ အမြန်ဆုံးဆပ်နိုင်ရန် ကြိုးစားမည့် အခွင့် အရေးသင့်ထံတွင်ရှိနေပါသေးသည် ။

လက်ရှိအချိန်ထက်ကောင်းသောအချိန်လည်းမရှိတော့ပါ ..ထို့ကြောင့် အကြွေးဆပ်ပါ .ထို့ကြောင့် ကြွေးကျေအောင်ဆပ်ကြပါ …။

အရှင်သူရိယ ပြန်လည်မျှဝေသည်

အကြွေးဆိုပြီး လျှော့မတွက်လေနှင့်…ဆပ်ဖြစ်အောင်ဆပ်ပါ။

ကြွေးယူပြုံးပြုံ းတောင်းတော့မုန်း၏်။ အကြွေးဆိုတာ မဆပ်ပဲ နေလျှင်တစ်ဘဝပါ။သို့သော် တစ်ဘဝပဲဆိုပြီးတော့ လျော့မတွက်လိုက်ပါနှင့်

မိတ်ဆွေ …

ထို အကြွေးကို ကျေအောင်မဆပ်ခဲ့ရင် ဝဋ်ကြွေး ဖြစ်သွားပါလိမ့်မည်။ဝဋ်ကြွေးဆိုသည်ကတော့ထာဝရဆပ်ရမည်မှာ မလွဲပင် ။ရစရာရှိသောသူများသည် မိမိတို့ ကြပ်တည်းလာတိုင်း ရရန်ရှိသော ငွေကြေးများကိုသာ အားကိုးတကြီး မျှော်လင့်ရသည် ။

 

ကိုယ့်ဆီက မရသောကြောင့် တစ်ပါးသူ အခက်အခဲပေါင်းများစွာနှင့် စိတ်ဆင်းရဲရလေလေကိုယ်ဆပ်ရမည့် ဝဋ်ကြွေးတန်ဖိုးကြီးမားလေလေဖြစ်မည်ကိုလည်း သိစေလိုပါသည် ။

သင်တို့ ရဟန်း ဝတ်ဖူးပေလိမ့်မည်။သင်တို့အသက်၂၀ပြည့်ပြီးလို့ ဒုလ္လဘရဟန်းအနေနဲ့သာသနာ့ဘောင်ကို ဝင်တော့မယ်ဆိုလျှင်သင်တို့ကိုရဟန်းပြုသိမ်ဝင်ပေးမယ့် ဆရာတော်က

” အသင်တို့ဟာ အမှန်တကယ်ကြွေးမှီများ ကင်းရှင်းသူများဖြစ်ကြပါရဲ့လား ” ဆိုပြီး မေးလာခဲ့သည်ရှိသော် ကြွေးမှီများကင်းပါတယ်ဖြစ်ကြောင်းကိုလိပ်ပြာသန့်သန့်ဖြင့်ဖြေနိုင်ဖို့အရေးကြီးသည် ။

ကြွေးပူများ (မိမိမှမပေးရင် တစ်ဖက်လူဒုက္ခရောက်တာ့မယ့်အနေအထား ) ရှိနေခဲ့သော် မြင့်မြတ်သော ရဟန်းအဖြစ်သို့မြတ်စွာဘုရား၏သာသနာမှ လက်မခံပါ ။

ခြွင်းချက်အနေဖြင့် အကြွေးပင် ရှိနေသော်ငြားလည်း မကျေကျေအောင် ဆပ်မည်ဆိုသူများ သို့မဟုတ် ကြွေးရှင်မှ ကြွေးပူအဖြစ် မသတ်မှတ်ဘဲ အဆင်ပြေသည်အထိ စောင့်ပါမည်ဟု ခွင့်ပြုပေးထားသူများအားရဟန်းအဖြစ်သို့ လက်ခံမည်ဟု ဆိုထားသော်လည်း

ကြွေးမှီများလည်း မကင်းကြ ဆပ်ချင်စိတ်လည်း မရှိသူများအဖို့ကားနည်းလမ်းမရှိနိုင်ပေ။

 

သူတပါးအားမျက်ရည်ကြီးငယ်ကျစေသောအကုသိုလ်ကံ အကျိုးပေးအဖြစ် မြင့်မြတ်သော ရဟန်းအဖြစ်သို

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မြန်မာပြည်မြေပုံ ပထမဆုံးရေးဆွဲသူ ဒေါက်တာဒေါ်သင်းကြည်(တောင်ငူသူ)
Knowledge
မြန်မာပြည်မြေပုံ ပထမဆုံးရေးဆွဲသူ ဒေါက်တာဒေါ်သင်းကြည်(တောင်ငူသူ)

မြန်မာပြည်မြေပုံ ပထမဆုံးရေးဆွဲသူ ဒေါက်တာဒေါ်သင်းကြည်(တောင်ငူသူ) မြန်မာနိုင်ငံမြေပုံ ရေးဆွဲရာတွင် ပါဝင်ခဲ့တဲ့ ပထဝီဝင် ပါမောက္ခဒေါက်တာ ဒေါ်သင်းကြည် (မြန်မာအမျိုးသမီးများထဲမှနိုင်ငံရပ်ခြား ပါရဂူဘွဲ့ကို ပထမဦးဆုံး ဆွတ်ခူးခဲ့သူ) ၁။ပါမောက္ခ ဒေါက်တာ ဒေါ်သင်းကြည်ကို မြန်မာအမျိုး သမီးများထဲမှာ ပထမဆုံး နိုင်ငံခြားက ပါရဂူဘွဲ့ ယူလာသူအဖြစ် သိသူများပါတယ်။ ၁၉၅၀ ခုနှစ် အမေရိကန်နိုင်ငံ ကလပ်တက္ကသိုလ်မှာ ပထဝီဘာသာနဲ့ ဖြစ်ပါတယ်။ စစ်မဖြစ်ခင် ရန်ကုန်တက္ကသိုလ်က အင်္ဂလိပ်အမျိုးသမီးတွေ လန်ဒန်မှာ ပါရဂူဘွဲ့ သွားယူကြတာတွေ ရှိပေမယ့် မြန်မာအမျိုးသမီးတွေထဲကတော့ ဒေါ်သင်းကြည်က ပထမဆုံးပါ။ ၂။နောက် ဒေါက်တာ ဒေါ်သင်းကြည်ဟာ ဒီကနေ့ ကမ္ဘာက လက်ခံသုံးစွဲနေတဲ့ မြန်မာပြည်မြေပုံကို နယ်သာလန်နိုင်ငံ အမ္စတာဒမ္က ဂျမ်ဘာတန် ပထဝီ …

မိန်းကလေးတိုင်း ဘဝ မှာ တစ်ခါလောက်တော့ လုပ်ကြည့်သင့်တဲ့ အရာများ
Knowledge
မိန်းကလေးတိုင်း ဘဝ မှာ တစ်ခါလောက်တော့ လုပ်ကြည့်သင့်တဲ့ အရာများ

မိန်းကလေးတိုင်း ဘဝ မှာ တစ်ခါလောက်တော့ လုပ်ကြည့်သင့်တဲ့ အရာများ ကိုယ့်ရဲ့နေ့စဉ် လုပ်နေကျ နိစ္စဓူဝ ကိစ္စတွေကနေ ခွဲထွက်ပြီး မတူညီတဲ့နေ ထိုင်မှုပုံစံတခုကို တခါတရံလောက်ဖြစ်ဖြစ်ပြောင်း လဲနေထိုင်လိုက် ကြည့်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက် အတော်လေး အထောက် အကူဖြစ်စေတဲ့ ကိစ္စ တခုပါပဲ ပျိုမေတို့ရေ ။ ဒါကြောင့် မို့လို့ ပျိုမေတိုင်းရဲ့ ဘဝမှာ တခါလောက်တော့ အနည်းဆုံးဖြစ်ဖြစ် လုပ်ကြည့်သင့်တဲ့ အရာလေးတွေကြို ပန်လည်မျှဝေပေးချင် ပါတယ်။ (၁) တယောက်တည်းခရီးတွေ ထွက်ပါ မိန်းကလေး တယောက် အနေနဲ့ တယောက်တည်း ခရီးသွားဖို့ဆိုတာဟာ အနည်းငယ် စွန့်စားရတဲ့ ကိစ္စတခု ဆိုပေမယ့် တယောက်တည်း ခရီးသွားခြင်းကနေ …

မျက်နှာလေးကို ဝက်ခြံကင်းစင်ပြီး ညီညာတဲ့ အသားအရည်ဖြစ်အောင် ဘယ်လိုဆေးကြောမလဲဆိုတာ သိပြီးပြီလား
Knowledge
မျက်နှာလေးကို ဝက်ခြံကင်းစင်ပြီး ညီညာတဲ့ အသားအရည်ဖြစ်အောင် ဘယ်လိုဆေးကြောမလဲဆိုတာ သိပြီးပြီလား

မျက်နှာလေးကို ဝက်ခြံကင်းစင်ပြီး ညီညာတဲ့ အသားအရည်ဖြစ်အောင် ဘယ်လိုဆေးကြောမလဲဆိုတာ သိပြီးပြီလား ဝက်ခြံကင်းစင်ပြီး ညီညာတဲ့ အသားအ ရည်ဖြစ်အောင် ဘယ်လိုမျက်နှာ ကိုဆေးကြောမလဲ မျက်နှာပေါ် မှာရှိတဲ့ အရေပြားက တစ်ခါ တစ်လေ မညီ ညာပါဘူး ။ နဖူးပေါ်မှာ ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ် တွေကြောင့် အမဲစက်တွေ ဖြစ်နေတာတွေ , နှာခေါင်းမှာ နေလောင် ဒါဏ်ကြောင့် မဲနေတာတွေ လည်းရှိကြ ပါတယ် ။ဒါပေမယ့် အဲ့လိုမ ညီ မညာဖြစ်နေတဲ့ မျက်နှာက အရေပြားတွေကို မျက်နှာပုံမှန် သစ်ပေးတာနဲ့ ညီညာပျောက် ကင်းစေမယ့် နည်းလေး ကိုဖော်ပြပေး ပါမယ်။ပါဝင်မယ့် ပစ္စည်းနှစ် ခုကတော့ ခရမ်းချဉ်သီးရယ် …