
ျမန္မာ့ေႏြဦး ေတာ္လွန္ေရးကေန အာရွအထိ ကူးစက္ လာပါၿပီလို့ေျပာလာတဲ့ ေမာ္ဒယ္ သႏၲာလွိုင္
ျမန္မာနိုင္ငံမွာ အာဏာရွင္စနစ္ကို ျပည္သူမ်ားက ဆန႔္က်င္ေနၾကၿပီး၊ ျမန္မာ့ေႏြဦး ေတာ္လွန္ေရးကေန လူငယ္ေတြရဲ့ ယဥ္ေက်းမွု ေတာ္ လွန္ ေရး၊ ျပည္တြင္းျဖစ္ကို ပိုမို အားေပးေတာ့မယ့္
စက္မွု ေတာ္လွန္ေရး၊ လူမ်ိဳးဘာသာ မခြဲျခားေတာ့မယ့္ လူမ်ိဳးႀကီးဝါဒ ေတာ္လွန္ေရးေတြ ျဖစ္လာ ခဲ့ၿပီလို့ ေမာ္ဒယ္ သႏၲာလွိုင္က ဆိုပါတယ္။
“ျမန္မာ့ေႏြဦး ေတာ္လွန္ေရးက လက္တဆုပ္စာ လူတစုရဲ့ အက်ိဳးစီးပြားကို ကာကြယ္ေပးေနတဲ့ လက္နက္ကိုင္ သူပုန္ေတြရဲ့ ဖက္ဆစ္ဝါဒ အာဏာရွင္ ေတာ္လွန္ေရးက စလို့ ထဘီတန္းကို ဘုန္းနိမ့္တယ္လို့ မထင္ေတာ့တဲ့ လူငယ္ေတြရဲ့ ယဥ္ေက်းမွု ေတာ္လွန္ေရး၊
ျပည္တြင္းျဖစ္ကို ပိုမိုအားေပးေတာ့မယ့္ စက္မွုေတာ္လွန္ေရး၊ ဆင္းရဲ ခ်မ္းသာ၊ ဇာတ္နိမ့္ ဇာတ္ျမင့္ မခြဲေတာ့မယ့္ လူတန္းစား ခြဲျခားမွု ေတာ္လွန္ေရး၊ တိုင္း ရင္း သား၊ လူမ်ိဳး၊ ဘာသာ မခြဲျခားေတာ့မယ့္ လူမ်ိဳးႀကီးဝါဒ ေတာ္လွန္ေရးေတြ ျဖစ္လာခဲ့ၿပီ”လို့သႏၲာလွိုင္က ဆိုပါတယ္။
ျမန္မာ့ေႏြဦး ေတာ္လွန္ေရး ကေနစလို့ အာရွေႏြဦး ေတာ္လွန္ေရးအထိ ကူးစက္လာခဲ့ၿပီး သမိုင္း သင္ခန္းစာမွာ ကမၻာတဝန္းက အံ့ၾသတႀကီး ဝိုင္းဝန္းရပ္တည္ အားေပးေနၾကၿပီ လို့ ဆိုပါတယ္။
“ျမန္မာ့ေႏြဦး ေတာ္လွန္ေရးကစလို့ အာရွေႏြဦး ေတာ္လွန္ေရးအထိ ကူးစက္လာၿပီ။ အရမ္းကို Creative, Innovative ျဖစ္တဲ့ Gen Z ေတြရဲ့ လုပ္ရပ္ေတြကို ေနာင္ အနာဂတ္ရဲ့ သမိုင္း သင္ခန္းစာမွာ
ထည့္ဖို့ ကမၻာတဝန္း အံ့ဩတႀကီး ဝိုင္းဝန္းရပ္တည္ အားေပးေနၾကၿပီ။ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ ဘာလုပ္ရမွန္း မသိတဲ့ အခ်ိန္က စလို့ ျပန္ၾကည့္ရင္ က်မတို့ေတြ လက္တြဲညီစြာ ဘယ္ေလာက္ေတာင္ ခရီးေရာက္ ခဲ့ၾကၿပီ လဲ”
“ဒီလို သမိုင္းေရးေနတဲ့ ေႏြဦးေတာ္လွန္ေရးမွာ ကိုယ္လုပ္ေပးနိုင္တာေတြ တျဖည္းျဖည္း နည္းလာၿပီလို့ မေတြးမိ ပါေစနဲ႔။ အၾကမ္းဖက္ခံရၿပီး ေသဆုံးသြားတဲ့ အာဇာနည္ေတြ အတြက္ ေရွ႕ကေန အသက္ပင္ေသေသ ဆိုၿပီး က်မတို့ေတြ
အားလုံးရဲ့ ဒီမိုကေရစီ ေမၽွာ္လင့္ခ်က္ေတြအတြက္ တိုက္ပြဲ ဝင္ေပးေနတဲ့ လူငယ္ေတြကို အားေပးဖို့အတြက္ လက္လွမ္းမီရာကေန တဆင့္ဆင့္ ကူညီ လွူဒါန္းလို့ ရပါတယ္”လို့ သႏၲာလွိုင္က ေျပာ ပါတယ္။
လိုခ်င္တဲ့ ဒီမိုကေရစီ ရဖို့ မနက္ ၁၀ နာရီတိုင္း ကိုယ့္အိမ္ေရွ႕ ထြက္ၿပီး ဆႏၵေဖာ္ထုတ္ၾကပါလို့ သႏၲာလွိုင္က ဆိုပါတယ္။
“ကိုယ္လုပ္ေပးနိုင္တာ ဘာမဆို လုပ္ေပးၿပီး သမိုင္းေတြ ထပ္ေရးလို့ ရေနပါေသးတယ္။ စိတ္ဓာတ္ မက်နဲ႔။ ဇြဲမေလၽွာ့နဲ႔။ အရိုးရွင္းဆုံး လုပ္ နိုင္တာ တခုကို ျပပါဆိုရင္ ကိုဗစ္ ကာလတုန္းက ဆရာဝန္နဲ႔ ေဆးဘက္ဆိုင္ရာ ပညာရွင္ေတြကို ဂုဏ္ျပဳၾကဖို့ ဝိုင္းၿပီး
လက္ခုပ္တီး ဂုဏ္ျပဳ ခဲ့ၾကသလိုမ်ိဳး ည ၈ နာရီတိုင္း အိမ္မွာရွိတဲ့ အိုးေတြ၊ သံပုံးေတြ တီးၿပီး မေကာင္းဆိုးဝါးေတြ ႏွင္ၾကသလိုမ်ိဳး မနက္ ၁၀ နာရီ တိုင္းမွာ ကိုယ့္ အိမ္ေရွ႕ ထြက္ၿပီး လိုခ်င္တဲ့ ဒီမိုကေရစီကို ရရွိဖို့ ဆႏၵထုတ္ေဖာ္ၾကပါ”လို့ သႏၲာလွိုင္က ေျပာပါတယ္။
အားလုံးအတူတူ ဆႏၵေဖာ္ထုတ္ျခင္းအားျဖင့္ ေရွ႕တန္းက လူငယ္ေတြလည္း အားတက္ေစသလို၊ ကိုယ္တိုင္လည္း ပါဝင္ၿပီးသားျဖစ္တယ္လို့ ဆိုပါတယ္။
“ေဈးဝယ္ေနရင္းပဲ ျဖစ္ျဖစ္၊ ကားေမာင္းေနရင္းပဲ ျဖစ္ျဖစ္၊ အိမ္ထဲမွာဆိုရင္ အိမ္ေအာက္ကို ဆင္းလိုက္႐ုံနဲ႔ လမ္းထဲမွာဆိုရင္ လမ္းထိပ္မွာ စုေဝး႐ုံနဲ႔ ပါဝင္နိုင္ပါတယ္။
ကိုယ္လုပ္လက္စေလးေတြ ေခတၱ ရပ္ၿပီး အခ်ိန္အနည္းငယ္ အားလုံးနဲ႔ အတူတူ ဆႏၵထုတ္ေဖာ္ၾကဖို့ပါပဲ။ ဒီလို လုပ္ျခင္းအားျဖင့္ ေရွ႕တန္းက လူငယ္ေလးေတြအတြက္လည္း အားတက္ေစမယ္။ ကိုယ္တိုင္လည္း ပါဝင္ၿပီးသား ျဖစ္မယ္”
“မနက္ ၁၀ နာရီတိုင္း အခ်ိန္ အနည္းငယ္ ဆႏၵထုတ္ေဖာ္ၾကပါစို့။ ေခတ္ဆိုး အေမြဆိုး လက္ဆင့္မကမ္းၾကပါနဲ႔။ လက္နက္မဲ့ သူရဲေကာင္း ျပည္သူေတြအတြက္ အေရးေတာ္ပုံ ေအာင္ရမည္”လို့ သႏၲာလွိုင္က ေျပာထားပါတယ္။
ေမာ္ဒယ္ သႏၲာလွိုင္ကေတာ့ ဒီအေၾကာင္းအရာေတြကို သူ႔ရဲ့ လူမွုကြန္ရက္ စာမ်က္ႏွာကတဆင့္ မၽွေဝ ေရးသားထားတာ ျဖစ္ၿပီး၊ သႏၲာလွိုင္ ဟာ စစ္အာဏာရွင္ ဆန႔္က်င္ေရး လွုပ္ရွားမွုေတြမွာ ပါဝင္ေပးေနတဲ့ အႏုပညာရွင္တဦး ျဖစ္ပါတယ္။
Source:Irrwady
Unicode
မြန်မာ့နွေဦး တော်လှန်ရေးကနေ အာရှအထိ ကူးစက် လာပါပြီလို့ပြောလာတဲ့ မော်ဒယ် သန္တာလှိုင်
မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကို ပြည်သူများက ဆန့်ကျင်နေကြပြီး၊ မြန်မာ့နွေဦး တော်လှန်ရေးကနေ လူငယ်တွေရဲ့ ယဉ်ကျေးမှု တော် လှန် ရေး၊ ပြည်တွင်းဖြစ်ကို ပိုမို အားပေးတော့မယ့်
စက်မှု တော်လှန်ရေး၊ လူမျိုးဘာသာ မခွဲခြားတော့မယ့် လူမျိုးကြီးဝါဒ တော်လှန်ရေးတွေ ဖြစ်လာ ခဲ့ပြီလို့ မော်ဒယ် သန္တာလှိုင်က ဆိုပါတယ်။
“မြန်မာ့နွေဦး တော်လှန်ရေးက လက်တဆုပ်စာ လူတစုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေတဲ့ လက်နက်ကိုင် သူပုန်တွေရဲ့ ဖက်ဆစ်ဝါဒ အာဏာရှင် တော်လှန်ရေးက စလို့ ထဘီတန်းကို ဘုန်းနိမ့်တယ်လို့ မထင်တော့တဲ့ လူငယ်တွေရဲ့ ယဉ်ကျေးမှု တော်လှန်ရေး၊
ပြည်တွင်းဖြစ်ကို ပိုမိုအားပေးတော့မယ့် စက်မှုတော်လှန်ရေး၊ ဆင်းရဲ ချမ်းသာ၊ ဇာတ်နိမ့် ဇာတ်မြင့် မခွဲတော့မယ့် လူတန်းစား ခွဲခြားမှု တော်လှန်ရေး၊ တိုင်း ရင်း သား၊ လူမျိုး၊ ဘာသာ မခွဲခြားတော့မယ့် လူမျိုးကြီးဝါဒ တော်လှန်ရေးတွေ ဖြစ်လာခဲ့ပြီ”လို့သန္တာလှိုင်က ဆိုပါတယ်။
မြန်မာ့နွေဦး တော်လှန်ရေး ကနေစလို့ အာရှနွေဦး တော်လှန်ရေးအထိ ကူးစက်လာခဲ့ပြီး သမိုင်း သင်ခန်းစာမှာ ကမ်ဘာတဝန်းက အံ့သြတကြီး ဝိုင်းဝန်းရပ်တည် အားပေးနေကြပြီ လို့ ဆိုပါတယ်။
“မြန်မာ့နွေဦး တော်လှန်ရေးကစလို့ အာရှနွေဦး တော်လှန်ရေးအထိ ကူးစက်လာပြီ။ အရမ်းကို Creative, Innovative ဖြစ်တဲ့ Gen Z တွေရဲ့ လုပ်ရပ်တွေကို နောင် အနာဂတ်ရဲ့ သမိုင်း သင်ခန်းစာမှာ
ထည့်ဖို့ ကမ်ဘာတဝန်း အံ့ဩတကြီး ဝိုင်းဝန်းရပ်တည် အားပေးနေကြပြီ။ ဖေဖော်ဝါရီ ၁ ရက်နေ့ ဘာလုပ်ရမှန်း မသိတဲ့ အချိန်က စလို့ ပြန်ကြည့်ရင် ကျမတို့တွေ လက်တွဲညီစွာ ဘယ်လောက်တောင် ခရီးရောက် ခဲ့ကြပြီ လဲ”
“ဒီလို သမိုင်းရေးနေတဲ့ နွေဦးတော်လှန်ရေးမှာ ကိုယ်လုပ်ပေးနိုင်တာတွေ တဖြည်းဖြည်း နည်းလာပြီလို့ မတွေးမိ ပါစေနဲ့။ အကြမ်းဖက်ခံရပြီး သေဆုံးသွားတဲ့ အာဇာနည်တွေ အတွက် ရှေ့ကနေ အသက်ပင်သေသေ ဆိုပြီး ကျမတို့တွေ
အားလုံးရဲ့ ဒီမိုကရေစီ မျှော်လင့်ချက်တွေအတွက် တိုက်ပွဲ ဝင်ပေးနေတဲ့ လူငယ်တွေကို အားပေးဖို့အတွက် လက်လှမ်းမီရာကနေ တဆင့်ဆင့် ကူညီ လှူဒါန်းလို့ ရပါတယ်”လို့ သန္တာလှိုင်က ပြော ပါတယ်။
လိုချင်တဲ့ ဒီမိုကရေစီ ရဖို့ မနက် ၁၀ နာရီတိုင်း ကိုယ့်အိမ်ရှေ့ ထွက်ပြီး ဆန္ဒဖော်ထုတ်ကြပါလို့ သန္တာလှိုင်က ဆိုပါတယ်။
“ကိုယ်လုပ်ပေးနိုင်တာ ဘာမဆို လုပ်ပေးပြီး သမိုင်းတွေ ထပ်ရေးလို့ ရနေပါသေးတယ်။ စိတ်ဓာတ် မကျနဲ့။ ဇွဲမလျှော့နဲ့။ အရိုးရှင်းဆုံး လုပ် နိုင်တာ တခုကို ပြပါဆိုရင် ကိုဗစ် ကာလတုန်းက ဆရာဝန်နဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေကို ဂုဏ်ပြုကြဖို့ ဝိုင်းပြီး
လက်ခုပ်တီး ဂုဏ်ပြု ခဲ့ကြသလိုမျိုး ည ၈ နာရီတိုင်း အိမ်မှာရှိတဲ့ အိုးတွေ၊ သံပုံးတွေ တီးပြီး မကောင်းဆိုးဝါးတွေ နှင်ကြသလိုမျိုး မနက် ၁၀ နာရီ တိုင်းမှာ ကိုယ့် အိမ်ရှေ့ ထွက်ပြီး လိုချင်တဲ့ ဒီမိုကရေစီကို ရရှိဖို့ ဆန္ဒထုတ်ဖော်ကြပါ”လို့ သန္တာလှိုင်က ပြောပါတယ်။
အားလုံးအတူတူ ဆန္ဒဖော်ထုတ်ခြင်းအားဖြင့် ရှေ့တန်းက လူငယ်တွေလည်း အားတက်စေသလို၊ ကိုယ်တိုင်လည်း ပါဝင်ပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။
“ဈေးဝယ်နေရင်းပဲ ဖြစ်ဖြစ်၊ ကားမောင်းနေရင်းပဲ ဖြစ်ဖြစ်၊ အိမ်ထဲမှာဆိုရင် အိမ်အောက်ကို ဆင်းလိုက်ရုံနဲ့ လမ်းထဲမှာဆိုရင် လမ်းထိပ်မှာ စုဝေးရုံနဲ့ ပါဝင်နိုင်ပါတယ်။
ကိုယ်လုပ်လက်စလေးတွေ ခေတ္တ ရပ်ပြီး အချိန်အနည်းငယ် အားလုံးနဲ့ အတူတူ ဆန္ဒထုတ်ဖော်ကြဖို့ပါပဲ။ ဒီလို လုပ်ခြင်းအားဖြင့် ရှေ့တန်းက လူငယ်လေးတွေအတွက်လည်း အားတက်စေမယ်။ ကိုယ်တိုင်လည်း ပါဝင်ပြီးသား ဖြစ်မယ်”
“မနက် ၁၀ နာရီတိုင်း အချိန် အနည်းငယ် ဆန္ဒထုတ်ဖော်ကြပါစို့။ ခေတ်ဆိုး အမွေဆိုး လက်ဆင့်မကမ်းကြပါနဲ့။ လက်နက်မဲ့ သူရဲကောင်း ပြည်သူတွေအတွက် အရေးတော်ပုံ အောင်ရမည်”လို့ သန္တာလှိုင်က ပြောထားပါတယ်။
မော်ဒယ် သန္တာလှိုင်ကတော့ ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် မျှဝေ ရေးသားထားတာ ဖြစ်ပြီး၊ သန္တာလှိုင် ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ပေးနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
Source:Irrwady
No Comments