
Cele News













Unicode

ပြည်သူတွေအတွက် နေ့စဉ်နေ့တိုင်းအစားအသောက်တွေကို မငြီးမငြူအပင်ပန်းခံ ချက်ပြုတ်လှူဒါန်းနေတဲ့ ရေဗက္ကာဝင်း

ပရိသတ်ကြီးရေ.. အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးေ တွကြောင့် ပရိသတ်တွေကြား အရမ်း ကိုရေပန်းစားအောင်မြင် ခဲ့တဲ့ အဆိုတော်ရေဗက္ကာဝင်း ကတော့ လက်ရှိ အခြေအနေတွေမှာ ပြည်သူပရိသတ်တွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

တော်လှန်ရေး တိုက်ပွဲကြီးမှာ လူထုလှုပ်ရှားမှုတွေ အပြင် ကျရာ တာဝန်ထမ်းရင်း တတ်နိုင်သလောက် ပါဝင် အားဖြည့်နေကြတဲ့ ပြည်သူတွေအားလုံးနဲ့ အတူ ရေဗက္ကာဝင်းကလည်း အလှူလေးတွေနဲ့ တစ်တပ် တစ်အား ပါဝင်နေ တာပါ..။

နေ့ရက်တိုင်းလိုလို အစားအသောက်တွေ ကိုယ်တိုင် ချက်ပြုတ် လှူဒါန်းနေတဲ့ ရေဗက္ကာဝင်း ကတော့ ဒီကနေ့လေးမှာလည်း ထောပတ်ထမင်းနဲ့ ကြက်သားဟင်းတွေအပြင် မရမ်းသီး ငပိချက်တွေကို ကိုယ်တိုင် အပင်းပန်းခံ ချက်ပြုတ်ပြီး ပြည်သူတွေအတွက် လှူဒါန်းခဲ့ပြန်ပါတယ်..။

စေတနာရှင် သူငယ်ချင်းတွေနဲ့အတူ စုပေါင်းလှူဒါန်းတဲ့ ၇ ရက်သားသမီးအလှူလေးဖြစ်သလို သူမကိုယ်တိုင် ချက်ပြုတ်တဲ့ ထောပတ်ထမင်းနဲ့ကြက် သားဟင်း အလှူလေး ကိုတော့ ရေဗက္ကာဝင်းက ပရိသတ်တွေကို ပြန်လည်မ ျှဝေထားပ ါသေးတယ်..။


“ဒီနေ့ စေတနာရှင် သူငယ်ချင်း ညီအစ်မများပေါင်းပြီး ထောပတ်ထမင်း ကြက်သားဟင်း ဆန် ဆီ ကုလားပဲ ကြက်သွန်နီ ငါးခြောက် ပုန်းရည်ကြီးတို့ကို မျှဝေ လှူဒါန်းကြ ပါတယ်ရှင်..” ဆိုပြီး

ချက်ပြုတ်ပြင်ဆင်နေတဲ့ သူမရဲ့ပုံရိပ်လေးကို ဝေမ ျှထားတာဖြစ်ပါတယ်..။ နေ့စဉ်နေ့တိုင်း အပင်ပန်းခံကာ ချက်ပြုတ် လှူဒါန်းနေတဲ့ ရေဗက္ကာဝင်းရဲ့ ကုသိုလ် အလှူလေး ကိုတော့

ပရိသတ်တွေက ချီးကျူးစကားလေးတွေ နဲ့အတူ အားပေးနေကြသလို သူမကိုယ်တိုင် ကလည်း ပြည်သူတွေ အတွက် တတ်နိုင်သလောက် ပါဝင်နေတာမို့ မမောနိုင်မ ပန်းနိုင်နဲ့ ပီတိဖြ စ်လို့နေတာပါ..။

Photo Credit – Rebecca Win’s Fb Acc

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

Cele News
တော်လှန်ရေးတိုက်ပွဲမှာ ကြွေလွင့်သွားခဲ့တဲ့ ကိုဇော်ဇော်အောင်(ခ)ကိုရွှေအ ကို အလှူငွေများသွားရောက်လှူဒါန်းခဲ့တဲ့ မေဦး…..

တော်လှန်ရေးတိုက်ပွဲမှာ ကြွေလွင့်သွားခဲ့တဲ့ ကိုဇော်ဇော်အောင်(ခ)ကိုရွှေအ ကို အလှူငွေများသွားရောက်လှူဒါန်းခဲ့တဲ့ မေဦး….. ပရိသတ်ကြီးရေ.. နာမည်ကျော် ဒိတ်ဒိတ်ကြဲ အနုပညာရှင် တွေရဲ့ လက်စွဲတော် မိတ်ကပ်ပညာရှင် အဖြစ် အတော်ကြာဖြတ်သန်း ရပ်တည်လာသူပြီး အောင်မြင်မှုတွေ အခိုင်အမာ ရရှိထားသူ ကတော့ မိတ်ကပ်ပညာရှင် ​မေဦးပဲ ဖြစ်ပါတယ်..။ ​မေဦးကတော့ လက်ရှိ အခြေအနေတွေမှာ ပြည်သူတွေနဲ့ အတူ နေ့ရက်တိုင်းလိုလို လမ်းပေါ်ထွက် လှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်နေပြီး အားလုံးနဲ့အတူ တစ်သွေးတစ်သားတည်းရပ်တည်ကာ ပါဝင်အားဖြည့်နေ တာလည်း တွေ့ရပါတယ်..။ လှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်နေသလို လှူဒါန်းမှုတွေ မှာလည်း အားကြိုးမာန်တက်လုပ်ဆောင်နေတဲ့ မေဦးကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ကျသွားတဲ့ သူရဲကောင်းပြည်သူတွေ အတွက်လည်း …

Cele News
မြန်မာ့နွေဦး တော်လှန်ရေးကနေ အာရှအထိ ကူးစက် လာပါပြီလို့ပြောလာတဲ့ မော်ဒယ် သန္တာလှိုင်

မြန်မာ့နွေဦး တော်လှန်ရေးကနေ အာရှအထိ ကူးစက် လာပါပြီလို့ပြောလာတဲ့ မော်ဒယ် သန္တာလှိုင် မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကို ပြည်သူများက ဆန့်ကျင်နေကြပြီး၊ မြန်မာ့နွေဦး တော်လှန်ရေးကနေ လူငယ်တွေရဲ့ ယဉ်ကျေးမှု တော် လှန် ရေး၊ ပြည်တွင်းဖြစ်ကို ပိုမို အားပေးတော့မယ့် စက်မှု တော်လှန်ရေး၊ လူမျိုးဘာသာ မခွဲခြားတော့မယ့် လူမျိုးကြီးဝါဒ တော်လှန်ရေးတွေ ဖြစ်လာ ခဲ့ပြီလို့ မော်ဒယ် သန္တာလှိုင်က ဆိုပါတယ်။ “မြန်မာ့နွေဦး တော်လှန်ရေးက လက်တဆုပ်စာ လူတစုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေတဲ့ လက်နက်ကိုင် သူပုန်တွေရဲ့ ဖက်ဆစ်ဝါဒ အာဏာရှင် တော်လှန်ရေးက စလို့ ထဘီတန်းကို ဘုန်းနိမ့်တယ်လို့ မထင်တော့တဲ့ လူငယ်တွေရဲ့ ယဉ်ကျေးမှု တော်လှန်ရေး၊ …

Cele News
အဆိုတော်ရေဗက္ကာဝင်းရဲ့ခင်ပွန်းဟောင်းနဲ့စုံတွဲ ပုံတွေ ထွက်ရှိလာတဲ့ မင်းသမီးမယ်လိုဒီ

အဆိုတော်ရေဗက္ကာဝင်းရဲ့ခင်ပွန်းဟောင်းနဲ့စုံတွဲ ပုံတွေ ထွက်ရှိလာတဲ့ မင်းသမီးမယ်လိုဒီ ပရိတ်သတ်ကြီးရေ…..မင်းသမီးချော မယ်လိုဒီ ဟာဆိုရင် အရင်အိမ် ထောင်နဲ့ ရတဲ့ ချစ်စရာကောင်း တဲ့သားလေး တယောက်ကိုပိုင်ဆိုင် ထားပါ တယ်နော် ။   အရင်အိမ်ထောင်နဲ့ လည်း..ဘာပြသနာမှ မရှိပဲ ကွဲသွားတယ် လို့လဲ သိ ရ တယ်.။ အရင်အိမ်ထောင် ကလည်း မယ်လိုဒီ အပေါ်အရမ်းကောင်း ခဲ့တယ်လို့လဲ သိရ ပါတယ်.။ အခုတစ်ခါမှာ ဆိုရင်လည်း အဆိုတော်ရေဗက္ကာဝင်းရဲ့ခင်ပွန်းဟောင်းနဲ့စုံတွဲ ပုံတွေ ထွက်ရှိ လာတာ ပဲဖြစ်ပါတယ်နော်။ Credit Unicode အဆိုတေ ာ် ရေဗက္ကာဝင်းရဲ့ ခင် ပွန်း ဟောင်း နဲ့ စုံ တွဲ …