
Knowledge
















ဒု – သခွားသီး

တ – ခရမ်းချဉ်

စတု – ရှာစောင်းလက်ပတ်




Htun Thiri

Unicode

အရေးပေါ် ပေါင်းတင်နည်းအကြောင်း ဝေမျှပေးမယ်ရှင့်

အလှပြင်ဖို့ အချိန်သီးသန့်လည်း မပေးဖြစ် အပျင်း ကလည်းထူ အစပ်လည်းလျော့ မစားနိုင် ဒါပေမဲ့ အချိန်တန် မှန်ကြည့်တဲ့ အခါ မျက်နှာပေါ်က အရေးကြောင်း အမဲစက် အဖုပိမ့်တွေ ထွက်လာရင် စိတ်အရမ်း ညစ်တတ်တဲ့ ကိုယ့်လို လူမျိုးတွေ အတွက် ရည်ရွယ်ပါတယ်

ခရမ်းချဉ် – ဝက်ခြံလျော့ပါး

အာလူး – အဖုပိမ့် ချိုင့်ခွက် အသားပြန်ပြည့်

ရှားစောင်းလက်ပတ် – အသားချောမွေ့

ဆန်ဆေးရည် – အရေးကြောင်းလျော့နည်းစေ

သံပုရာ – အဆီပြန် သက်သာ (ဆိုးကျိုး အသားပါးလာစေတတ်

ဝက်ခြံပေါက်နေသူများ မပြုလုပ်သင့် အရမ်းစပ်စေလို့ပါ )

အောင်မဲညိုအရည် – အသားအေးစေ

သခွားသီး – အသားရေကြည်လင်

မန်ကျီးသီးအရည် – အမဲစက်လျော့ပါး

ကြက်ဥ/ဘဲဥ အကာအရည် – ဆဲလ်သေတွေကွာ အသားရေချောမွေ့

တကယ်ဆို ဆနွင်းလည်း ပါ ပါသေးတယ် ဒါပေမဲ့ ခုခေတ် ဆနွင်းစစ်စစ်ဆိုတာ ရှာဝယ်ရခက်လို့ တွေ့ကရာ ဆနွင်းရေဖျော်လူးမိပြီး မျက်နှာမှိုစွဲ ခရုသင်းဖြစ် တာတို့လည်း ကြားသိဖူးတော့ ဆနွင်းအကြောင်း ချန်ထား ပါရစေ ။

အရေးပေါ် ပေါင်းတင်နည်း

ပထမဆုံး အာလူး ကို ပါးပါးလှီးပြီး အာလူးနဲ့ မျက်နှာကိုပွတ်ပါ ၃ မိနစ်ခန့် ထားပြီး ရေဆေးချပါ

ဒု – သခွားသီး

တ – ခရမ်းချဉ်

စတု – ရှာစောင်းလက်ပတ်

နောက်ဆုံးမှ ကြက်ဥ အကာရည်လေး ပွတ်ပြီး ၅မိနစ်ခန့် ထားပြီး ရေဆေးချ မျက်နှာသစ်လိုက်ပါ

ဓာတ်စုံနေအောင် အာနိသင် ရထားတဲ့ မျက်နှာဖြူဖြူဖွေးဖွေးလေးရပါလိမ့်မယ် တစ်ခါလုပ်ရင် အာနိသင်စုံအောင် လေးခု ငါးခုလောက် လုပ်ပေးရင်ရပါပြီ ခဏခဏမလုပ်ရပါ တစ်ခါလုပ်ရင် ၂ပတ်လောက်ထိ မှန်ကြည့်တိုင်း စိတ်ချမ်းသာစေ မှာပါ

သဘာဝပစ္စည်းတွေနဲ့ မို့ငွေ ကုန်ကြေးကျ သက်သာစေတယ် ပြီးတော့ ရေများများသောက်ဖို့ ညအိပ်ချိန်မှန်ဖို့လည်း လိုအပ်ပါတယ် နောက်လည်း ဗဟုသုတလေးတွေဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင့်

Htun Thiri

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

Knowledge
ချွေးပေါက်ကျယ်နေလို့အလှပျက်နေတယ်ဆိုတဲ့ နတ်သမီးလေးများအတွက် ချွေးပေါက်ကျဉ်းစေဖို့ အလွယ်ကူဆုံးနည်း

ချွေးပေါက်ကျယ်နေလို့အလှပျက်နေတယ်ဆိုတဲ့ နတ်သမီးလေးများအတွက် ချွေးပေါက်ကျဉ်းစေဖို့ အလွယ်ကူဆုံးနည်း ချွေးပေါက် ကျယ်လို့ စိတ်ညစ်နေ ပါသလား။ လုံးဝ မညစ်ပါနဲ့။ အခုပြောမယ့် နည်းက ချွေးပေါက်ကျယ် သူတွေကို အကောင်းဆုံး ပြုပြင်ပေး မယ့်နည်းတခု ဖြစ်လို့ ပါ …။ ကြက်ဥအကာကို သုံးရုံပါပဲ။ ပြောစရာတခုရှိတာက နည်းနည်းလက်ဝင်တာပါ။ ကြက်ဥ အကာကို ခရင်မ် ပုံစံဖြစ်တဲ့ အထိ အဆက်မပြတ်တော့ ခေါက်ပေးဖို့ လိုပါတယ် ။ လိုအပ်တဲ့ ပစ္စည်းတွေက ကြက်ဥအကာ – (၁) လုံး သကြား – ထမင်းစား ဇွန်း (၁) ဇွန်း ဖြစ်ပါတယ် ။ ၁။ လတ်လတ်ဆတ်ဆတ် ကြက်ဥ …

မျက်နှာပေါ်ကတင်းတိတ်နဲ့ နေလောင်အမဲကွက်အမြန်ဆုံးပျောက်ကင်းနည်း
Knowledge
မျက်နှာပေါ်ကတင်းတိတ်နဲ့ နေလောင်အမဲကွက်အမြန်ဆုံးပျောက်ကင်းနည်း

မျက်နှာပေါ်ကတင်းတိတ်နဲ့ နေလောင်အမဲကွက်အမြန်ဆုံးပျောက်ကင်းနည်း လူတိုင်းလူတိုင်းဟာ ကိုယ့်ရဲ့မျက်နှာလေး ကြည်လင်ဝင်းပ သန့်စင်နေတာကိုပဲ လိုလားကြပါတယ်။ အထူးသဖြင့် လူငယ်အမျိုးသမီး အမျိုးသားလေးတွေ အဖြစ်ချင်ဆုံးဆန္ဒက ကိုရီးယားမင်းသား မင်းသမီးလေးတွေလို ပြစ်မျိုးမှဲ့မထင် ဖွေးသန့်နေတဲ့ မျက်နှာပိုင်ရှင်လေးတွေ ဖြစ်ချင်ကြတာပါ ။ အမှန်ပါပဲ၊ မျက်နှာပေါ်က တင်းတိတ် နေလောင်အမဲ ကွက်တွေက လူတစ်ယောက်ရဲ့ အသွင်အပြင်ကို ရုတ်လျော့စေပါတယ်။ ဈေးကွက်ထဲမှာ တင်းတိတ်အမဲစက် ပျောက်ဆေးတွေ ရောင်းနေကြပေမယ့် ပေးရတဲ့ ဈေးနှုန်းနဲ့ တစ်ကယ်ရော ပျောက်ကင်းပြီး အလုပ်ဖြစ်ကြပါရဲ့လား ? ဒီဆောင်းပါးမှာတော့ ပိုက်ဆံအကုန်အကျ အသက်သာဆုံးနဲ့ မိမိရဲ့ နေအိမ်မှာရှိတဲ့ နေ့စဉ်သုံးပစ္စည်းတွေနဲ့ သဘာဝအတိုင်း တင်းတိတ် အမဲစက်တွေ ကင်းပျောက်စေမယ့် နည်းလမ်း (၁၀) မျိုးကို ဖော်ပြပေးထားပါတယ် …

Knowledge
အဖျားနှစ်ခွဖြစ်နေတဲ့ဆံပင်တွေကို ညှပ်စရာမလိုဘဲ ပြန်ကောင်းလာစေမယ့်နည်း

အဖျားနှစ်ခွဖြစ်နေတဲ့ဆံပင်တွေကို ညှပ်စရာမလိုဘဲ ပြန်ကောင်းလာစေမယ့်နည် အဖျားနှစ်ခွဖြစ်နေတဲ့ ဆံပင်တွေကို ညှပ်စရာ မလိုဘဲ လုံးဝပြန်ကောင်း လာစေမယ့် နည်းလမ်း (၇) ခုကို စုစည်းဖော်ပြ ပေးလိုက်ပါတယ်နော် ။ ဆံကေသာ အလှဟာ မိန်းကလေး တစ်ယောက် အတွက်တော့ အရေးကြီးဆုံးအရာ တစ်ခု ဖြစ်ပါတယ်။ ဆံပင်တွေက ပျက်စီးကြမ်းတမ်းနေ တဲ့အခါ၊ အဖျားနှစ်ခွဖြစ်နေတဲ့ အခါတွေမှာ ဆံပင်လည်း မရှည်နိုင်တော့သလို ဖွာလန်ပြီး မလှမပ ဖြစ်စေပါတယ် ။ အခုဖော်ပြပေးမှာ ကတော့ ပျက်စီးကြမ်းတမ်းပြီး အဖျားနှစ်ခွဖြစ်နေတဲ့ ဆံပင်တွေကို ညှပ်စရာမလိုဘဲ ပြန်ကောင်း လာစေမယ့် ဓာတုကင်း နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေကို ခေါင်းလျှော်တိုင်း အသုံးပြုပေး ရမှာဖြစ်ပြီး သုံးပြီးတဲ့အခါ …