Relationship
Credit to writer
Unicode
ကိုယ် တန်ဖိုးထားသူကို မဆုံးရှုံးချင်ရင်
လူတစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ချစ်ချစ် ယုံကြည်မှု မရှိရင် ဝေးသွားမှာပဲ ။
#လူတစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက် နားလည် နားလည်လေးစားမှု မရှိရင် နားလည်မှု ပြိုကွဲမှာပဲ ။
လူတစ်ယောက်နဲ့ တစ်ယောက် နှစ်ပေါင်းများစွာ ဘယ်လောက်ပဲ
လက်တွဲခဲ့ ပွင့်လင်းမှု မရှိခဲ့ရင် ကြိတ်လုံးတွေ ထပေါက်ကွဲ မှာပဲ ။
#လူတစ်ယောက်နဲ့ တစ်ယောက် ဘယ် လောက်ပဲ သံယောဇဉ် ကြိုး ခိုင်မာပါတယ် ပြောပြော
သံသယ စိတ်ဝင် လာရင် အနေ နီးပေမယ့် ရင်ခုန်သံတွေ ဝေးကွာ နေရ အုံးမှာပဲ ။
လူတစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ပဲ မေတ္တာတွေ နက်ရှိုင်း ခဲ့ပါစေ
အချင်းချင်း တန်ဖိုး မထားတတ်ရင် တစ်ယောက်ကို တစ်ယောက် ဆုံးရှုံး ခံရမှာပါပဲ ။
လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်း ဘယ်လောက်ပဲ ထပ်တူ ကျတယ် ပြောပြော အမှတ်အတေး ထားခဲ့ရင် နီးလျှက်နဲ့ ဝေးနေကြ အုံးမှာပဲ ။
ကိုယ် တန်ဖိုး ထားရသူတွေ မဆုံရှုံးချင်ရင် ယုံကြည်ပါ ‘ လေးစားပါ ‘ ပွင့်လင်းပါ
သံသယ စိတ်ကို မောင်းထုတ်ပါ တန်ဖို းထားပါ ‘ အမှတ်အတေး မထားပဲ အမြန်ဆုံး ဖျောက်ပစ်ပါ ။
ချစ်သူဆိုတာ ချစ်နေရုံနဲ့ မပြီးဘဲ သူ့ဘက် ကိုယ့်ဘက် မျှတွေးပြီး အချင်းချင်း နားလည် တန်ဖိုး ထား တတ် မှ ထာဝရ တည် မြဲ မှာပါ နော် ။ ။
Credit to writer
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
Relationship
အမျိုးသားတွေက ရှောင်ရှားသင့်တဲ့မိန်းမ
အမျိုးသားတွေက ရှောင်ရှားသင့်တဲ့မိန်းမ ဒီထဲမှာ ပါတဲ့ မိန်းမဆိုးအင်္ဂါရပ်တွေ ညီမတို့ အစ်မတို့မှာ မရှိဘူးလို့ စာရေးသူက ယုံပါတယ်..။ ဒီတော့ အမျိုးသားတွေက ရှောင်ရှားသင့်တဲ့မိန်းမရယ်လို့ ရှိပါသေးတယ်။ မျက်နှာများသောလော်လီသော မိန်းမ ။ မျက်နှာများသော၊ လော်လီသော၊ ယောက်ျားတို့တွင် ပျော်ရွှင်သော မိန်းမတွေကို အမျိုးကောင်းသားတို့ ရှောင်ရှားသင့် ပါတယ်။ ဘာကြောင့် ရှောင်ရှားသင့်သလဲ မမေးပါနဲ့။ အဖြေက တစ်လုံးတည်းပါ။ စိတ်မချရလို့ပါ။ မျက်နှာများများတယ် ဆိုတာ ရည်းစားများ တာကို ဆိုလိုပါတယ်။ ဒါကို မျက်စောင်းမထိုးကြ ပါနဲ့။ ဘယ်သူပဲဖြစ်ဖြစ် သူများပစ်လို့ ကျန်နေခဲ့ ရတာ ဆိုရင်လည်း တစ်ယောက်စ နှစ်ယောက်စ များတာ အပြစ်မပြော လိုပါ။ …
Relationship
ရုပ်ပုံ တွေကပြောပြမယ့် သင်တို့စုံတွဲ ရဲ့အချစ်ရေး
ရုပ်ပုံ တွေကပြောပြမယ့် သင်တို့စုံတွဲ ရဲ့အချစ်ရေး သင်တို့ရဲ့ပျော်ရွင်စရာကောင်းတဲ့ အချစ်ရေး ကို ရုပ်ပုံ တွေကဆင့်ပြောပြတာဟာ နည်းနည်းတော့ ထူးဆန်းသလို ဖြစ်နိုင်ပါတယ်။ အဆိုပါ ရုပ်ပုံ တွေဟာ လူမှု စိတ်ပညာရှင် တွေရဲ့ ခန့်မှန်းချက်ဖြစ် တာကြောင့် သင်တို့စုံတွဲ နဲ့ ဆင်တူတဲ့ ရုပ်ပုံ ကိုလက်နဲ့ထိပြီး သင်တို့ရဲ့အချစ်ရေး အခြေအနေကို ဖတ်ရှုနိုင်ပါတယ်။ ( 1 )သင်တို့စုံတွဲ လိုပါပဲ အမျိုးသမီး လေးဟာ သူမရဲ့ချစ်သူ အတွက် ဂုဏ်ယူနေပြီးတော့ အဲဒီ့အကြောင်းကို တစ်ကမ္ဘာလုံးသိအောင် ပြောပြချင်နေ ပါတယ်။ သူမ ကအရမ်းကို လွတ်လပ် ပျော်ရွင်နေပြီးတော့ ပတ်ဝန်းကျင် ကဘယ်လိုပဲထင်ထင် သူမကဂရုစိုက်မှာ မဟုတ်ပါဘူး။ သူမရွေးချယ်ထားတဲ့ …
Relationship
တစ်စုံတစ်ယောက်က သင့်ကိုထားရစ်ခဲ့တယ် (သို့) လမ်းခွဲ ချင်တယ်လို့ ပြောလာမယ်ဆိုရင်
တစ်စုံတစ်ယောက်က သင့်ကိုထားရစ်ခဲ့တယ် (သို့) လမ်းခွဲ ချင်တယ်လို့ ပြောလာမယ်ဆိုရင် ကျေနပ်စွာ ထွက်ခွာသွားခွင့် ပေးလိုက်ပါ။ ထိုသူကို မိမိအပါး ဆွဲထားတာက ကျားလှောင်အိမ်ထဲမှာ ထမင်းစားနေရ သလိုပါပဲ။ သူကြောင့် စိတ်နဲ့ ခန္ဓာ သောကများတော့မှာကို တွေးပြီးရော ကြောက်စိတ် မဖြစ်ဖူးဘူးလား ၊ ကိုယ့်ရဲ့စိတ်တွေ အားလုံး နှစ်မြုပ်ပြီး တွယ်တာခဲ့ရသူဟာ သူဘက်က ခိုင်လုံတဲ့ အကြောင်းပြချက် အမျိုးမျိုးကို သုံးပြီး ထားသွားရက်တဲ့ အခါ လူ အတော်များများက နာကျည်းစိတ်တွေနဲ့ မေ့ပစ်လိုက်ဖို့ အတင်းကြိုးစား တတ်ကြပါတယ်။ အရမ်းကို မှားယွင်းတဲ့ လုပ်ရပ်ပါ ။ တစ်ကယ်တော့ မေ့ပစ်ဖို့ ကြိုးစား တာဟာ သူ့ကို ပိုသတိ …