
News





















—Ref: AFP
Crd-7Day News

Unicode

အာဏာသိမ်းမှုအပေါ် အမေရိကန်၊ဗြိတိန်၊ တရုတ်နှင့်အခြားနိုင်ငံများ ရှုတ်ချ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အခြားနိုင်ငံရေးသမားများကို တပ်မတော်က ဖမ်းဆီးကာ အာဏာသိမ်းလိုက်ပြီးနောက် အမေရိ ကန် အပါအဝင် ကမ္ဘာတစ်ဝန်းရှိ အစိုးရများက မြန်မာ့ဒီမိုကရေစီ ပြန်လည် သွတ်သွင်းပေးရန် တောင်းဆိုနေသည်။

‘‘ဒီခြေလှမ်းတွေ နောက်ပြန် မဆုတ်ဘူးဆိုရင် တာဝန်ရှိတဲ့သူ တွေကို ကျွန်မတို့ အရေးယူဆောင် ရွက်မှုတွေ လုပ်မှာပါ’’ဟု အိမ်ဖြူ တော် ပြောရေးဆိုခွင့်ရှိသူ အမျိုး သမီး ဂျန်ပီဆာကီက ထုတ်ပြန် ချက်တွင် ပြောသည်။

နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲရန် ကြိုးပမ်းမှု မှန်သမျှ မိမိတို့ဆန့်ကျင်ကြောင်း ပီဆာကီက ထပ်လောင်းပြော သည်။အမေရိကန်နိုင်ငံခြားရေးဝန် ကြီး အန်သိုနီဘလင်ကန်က အစိုးရတာဝန်ရှိသူများနှင့် အရပ် ဘက်အဖွဲ့အစည်းခေါင်းဆောင်

အားလုံးကို ပြန်လွှတ်ပေးရန်နှင့် နိုဝင်ဘာ ၈ ရက် ဒီမိုကရေစီရွေး ကောက်ပွဲတွင် ပြသခဲ့သည့် မြန် မာပြည်သူလူထု၏ ဆန္ဒကို လေး စားရန် စစ်တပ်အား တိုက်တွန်း သည်။ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးမှုနှင့် အာဏာသိမ်းမှုကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန် ဆင်ကလည်း ရှုတ်ချသည်။


‘‘လူထုရဲ့ မဲဆန္ဒကို လေးစား ရမှာဖြစ်ပြီး အရပ်ဘက်ခေါင်း ဆောင်တွေကို ပြန်လွှတ်ပေးရ မယ်’’ဟု ဂျွန်ဆင်က တွစ်တာတွင် ရေးသားတိုက်တွန်းသည်။တရုတ်အစိုးရက သက်ဆိုင် သူအားလုံး မတူကွဲပြားခြားနားမှု များကို ဖြေရှင်းရန် တိုက်တွန်း သည်။

‘‘တရုတ်ဟာ မြန်မာရဲ့ အိမ် နီးချင်းမိတ်ဆွေပါ။ နိုင်ငံရေးနဲ့ လူ မှုရေးတည်ငြိမ်မှုကို ကာကွယ်ဖို့ ဥပဒေဘောင်တွင်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကနေ မတူကွဲပြားခြားနားမှုတွေကို ပါတီတွေ အနေနဲ့ ပြေပြေလည်လည် ဖြေ ရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်’’ ဟု

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဝန်ဘင်း က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် အန်တိုနီယိုဂူတာရက်စ်က လည်း ယခုကိစ္စကို ပြင်းထန်စွာ ရှုတ်ချပြီး ပြောရေးဆိုခွင့်ရှိသူ ဒူ ဂျာရစ်က ‘‘ဒီအခြေအနေတွေက

မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်း လဲမှုတွေအတွက် အထိနာစေ တယ်’’ ဟု ပြောကြားခဲ့သည်။ဂျပန်အစိုးရက ဒေါ်အောင် ဆန်းစုကြည်အပါအဝင် ထိန်း သိမ်းခံရသူများအား ပြန်လွှတ်ပေး ရန် တောင်းဆိုပြီး ၊ဒီမိုကရေစီ စနစ် ပြန်လည်သွတ်သွင်းပေးရန် မြန်မာ့တပ်မတော်ကို တိုက်တွန်းသည်။


ဥရောပကောင်စီဥက္ကဋ္ဌ ချား လက်စ်မီချယ်လ်က အာဏာသိမ်း မှုကို ပြင်းထန်စွာ ရှုတ်ချပြီး ရွေး ကောက်ပွဲရလဒ်ကို လေးစားရန် တွစ်တာ၌ ရေးသားခဲ့သည်။ဩစတြေးလျနိုင်ငံခြားရေး ဝန်ကြီး မာရိုက်စ်ပေနီက တရား မဝင်ဖမ်းဆီးခံရသော

အရပ်ဘက် ခေါင်းဆောင်များနှင့် အခြားလူ အားလုံးကို ချက်ချင်းပြန်လွှတ် ပေးရန်နှင့် အငြင်းပွားမှုများကို ဥပဒေတွင်းမှ ဖြေရှင်းရန်နှင့် ဥပဒေစိုးမိုးရေး လေးစားလိုက်နာ ရန် တပ်မတော်ကို တောင်းဆိုသည်။

တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီဖြစ်စဉ်ကို စောင့်ထိန်း လိုက်နာရမည်ဟု မိမိတို့ ယုံကြည် ကြောင်းနှင့် လောလောဆယ် အ ခြေအနေများအပေါ် အလွန်စိုးရိမ် ပူပန်မိကြောင်း အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။


စင်ကာပူနှင့် အင်ဒိုနီးရှားက သက်ဆိုင်သူအားလုံး ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်းနှင့် အခြေအနေ ကို စိုးရိမ်ပူပန်ကြောင်း ထုတ်ပြော သည်။သို့သော် ဖိလစ်ပိုင်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဟာရီရော့ ကွေးကမူ

ယခုကိစ္စသည် ပြည် တွင်းရေးကိစ္စဖြစ်ကြောင်းနှင့် လို အပ်ပါက အကူအညီပေးရန် အ သင့်ရှိသည်ဟု ဆိုသည်။နော်ဝေး နိုင်ငံခြားရေးဝန် ကြီးဌာနက ဒီမိုကရေစီစံနှုန်းများ လေးစားရန်နှင့် ရွေးကောက်ပွဲ ရလဒ် လက်ခံလေးစားရန်

စစ်တပ်ခေါင်းဆောင်များအား တိုက် တွန်းကာ အာဏာသိမ်းခြင်းကို ရှုတ်ချသည်။ကုလသမဂ္ဂဆိုင်ရာ ကနေဒါ သံအမတ် ဘော့ဘ်ရေးက မြန်မာ စစ်တပ်သည် ယခုကဲ့သို့ အာဏာ သိမ်းနိုင်စေရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို

ဤနည်းဖြင့် ရေးဆွဲခဲ့ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်‌ပေးလိုက်ပါတယ်နော်။

—Ref: AFP
Crd-7Day News

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

News
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် Eleven Media က ဘာဖြစ်နေလဲဟုဇော်မဲလုံး ​မေးခွန်း ထုတ်

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် Eleven Media က ဘာဖြစ်နေလဲဟုဇော်မဲလုံး ​မေးခွန်း ထုတ် Eleven media group သတင်းထောက်တစ်ဦးက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဘာကြောင့် အရေးမယူလဲလို့ မေးမြန်းရာမှာ အကြမ်းဖက် စစ်ကောင်စီ ဇော်မဲလုံးက “ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် Eleven က ဘာဖြစ်နေလဲ ” လို့ မေးခွန်းပြန်မေးခဲ့ ပါ တယ်။ သတင်းစာရှင်းလင်းပွဲမှာ Eleven media group က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အရေးယူဖို့ အတွက်ရေလာမြောင်းပေး မေးခွန်းတွေကို မေးမြန် ခဲ့တာဖြစ် ပါတယ်။ လက်ရှိမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို တပ်မတော်ရိက္ခာဆောင်တွင်ထားရှိထားပြီး စစ်ဆေးဆောင်ရွက် ဆဲဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီ …

ရူးနေတဲ့သားက ရိုက်လို့နားမကြားတော့ဘဲ ပင်ပန်းခက်ခဲစွာအဝတ်လိုက်လျှော်နေရတဲ့ အသက်(၈၀)ကျော်အဖွား
News
ရူးနေတဲ့သားက ရိုက်လို့နားမကြားတော့ဘဲ ပင်ပန်းခက်ခဲစွာအဝတ်လိုက်လျှော်နေရတဲ့ အသက်(၈၀)ကျော်အဖွား

ရူးနေတဲ့သားက ရိုက်လို့နားမကြားတော့ဘဲ ပင်ပန်းခက်ခဲစွာအဝတ်လိုက်လျှော်နေရတဲ့ အသက်(၈၀)ကျော်အဖွား တစ်စတစ်စနဲ့ ဆိုးရွားလာတဲ့ လက်ရှိပြည်တွင်းရေး အခြေအနေတွေ ကြောင့်ပြည်သူတွေ ဟာအစစ အရာရာခက်ခဲကြပ် တည်းနေကြ ရပြီး တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်ပွား ကာစစ်ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့နေကြ တာလည်းဖြစ် ပါတယ် ။ အဖိုးအဖွားပြည်သူတွေ အနေနဲ့အခု လိုအချိန်မှာ အခက်အခဲတွေ ကိုပိုမိုရင်ဆိုင်နေ ရပြီးစားဝတ်နေရေး အတွက်ခက်ခက် ခဲခဲရုန်းကန်နေ ကြရတာတော်တော် များများတွေ့မြင်နေ ရပါတယ် ။ အဝတ်လိုက်လျှော်ပြီး ပင်ပန်းခက်ခဲ စွာရုန်းကန်နေရတဲ့ အသက်(၈၀)ကျော်အဖွားတစ်ယောက်ကလည်းရူးနေ တဲ့သားကို ရှာဖွေကျွေးမွေး ရတဲ့အပြင်အရိုက် ခံရတာကြောင့် လည်းနားသိပ် မကြားတော့ဘဲ စားဝတ်နေရေး အတွက် ခက်ခက်ခဲခဲ ရှာဖွေနေရ တာတွေ့ရ ပါတယ်။ အဖွား …

News
ဒေါက်တာ ဆာဆာ ပြောသည့် သူ့ဘဝ ဇာတ်ကြောင်း နှင့် NU G ရင်ဆိုင်နေရသည့် ပြဿနာ

ဒေါက်တာ ဆာဆာ ပြောသည့် သူ့ဘဝ ဇာတ်ကြောင်း နှင့် NU G ရင်ဆိုင်နေရသည့် ပြဿနာ အမေရိကန် ရှိ လက်ဝဲယိမ်း ဆိုရှယ်လစ် ဝါဒီ မဂ္ဂဇင်း ကြီး Jacobin နှင့် ​တွေ့ဆုံ မေးမြန်းခန်းတွင် ဒေါက်တာ ဆာဆာကသူဘဝဇာတ်ကြောင်းနှင့် လက်ရှိ ရင်ဆိုင်နေရမှု များအတွက် ပွင့်လင်းစွာ ပြောသွားသည်ကို ပြန်လည် တင်ပြခြင်း ဖြစ်သည်။ ကျွန်တော် ကို မြန်မာ နိုင်ငံ အေ နာက်မြောက်ပိုင်း ချင်းပြည်နယ် အတွင်းရှိ… ရွာတရွာ မှာ မွေးဖွားခဲ့ပါတယ်။ ရွာမှာ လမ်းပန်း ဆက်သွယ်ရေး မရှိ၊ လျှပ်စစ် မီးမရှိ၊ …