
News










Credit

Unicode

ပုသိမ်မြို့ရှိ NLD တိုင်းရုံးကို တပ်မတော်က ချိတ်ပိတ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ တိုင်းရုံးအား တပ် မတော်က ယနေ့ ချိတ်ပိတ်လိုက်ကြောင်း သတင်းရရှိသည်။

ယာယီသမ္မတ ဦးမြင့်ဆွေက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ နိုင်ငံတော် အာဏာ လွှဲပြောင်းပေးပြီးနောက်

ယနေ့ နေ့လယ်ပိုင်းတွင် ကမ်းနားလမ်း ငွေဆောင်ကားဂိတ်အနီးရှိ NLD တိုင်းရုံးကို တပ်မတော် ယာဉ်တန်းတခု ရောက်ရှိလာပြီးနောက် ရုံးအတွင်း ရှာဖွေ သိမ်းဆည်းမှုများ ပြုလုပ်ခဲ့ကာ ရုံးကို ချိတ်ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

NLD ပါတီ ဧရာဝတီတိုင်းရုံး၏ ရုံးအဖွဲ့မှူး ဦးကျော်ထက်အောင် က “ကွန်ပျူတာနဲ့ စာရွက်စာတမ်းတွေ သိမ်းသွားတယ်။ ရုံးကို ဘယ်တော့ ပြန်ဖွင့်ပေးမယ် ဆိုတာတော့ အတိအကျ မပြော သွားပါဘူး” ဟု ဧရာဝတီကို ပြောသည်။

ယနေ့ နေ့လယ်ပိုင်းတွင် NLD တိုင်းရုံးရှေ့၌ စစ်ကား၂ စီး၊ ရဲကားတစီးတို့ ရပ်တန့်ပြီး ရုံးအနီး၌ တပ်မတော်သားတချို့ လုံခြုံရေး ရယူထားသည်ကို တွေ့ရသည်။

ယာယီ သမ္မတ ဦးမြင့်ဆွေက နိုင်ငံတဝန်းလုံးအား အရေးပေါ်အခြေအနေ ကြေညာ၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ နိုင်ငံတော် အာဏာ လွှဲပြောင်းပေးပြီးနောက်

ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် အပါအဝင် ဧရာဝတီတိုင်းအစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များကို တပ်မတော်က ဖမ်းဆီး ထိန်းသိမ်း ခဲ့သည်။

လက်ရှိတွင် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်း အစိုးရအဖွဲ့ရုံး၊ လွှတ်တော်ရုံးတို့တွင်လည်း တပ်မတော် သားများမှ လုံခြုံရေး ယူထား ကြောင်း သိရသည်။

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

News
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် Eleven Media က ဘာဖြစ်နေလဲဟုဇော်မဲလုံး ​မေးခွန်း ထုတ်

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် Eleven Media က ဘာဖြစ်နေလဲဟုဇော်မဲလုံး ​မေးခွန်း ထုတ် Eleven media group သတင်းထောက်တစ်ဦးက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဘာကြောင့် အရေးမယူလဲလို့ မေးမြန်းရာမှာ အကြမ်းဖက် စစ်ကောင်စီ ဇော်မဲလုံးက “ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် Eleven က ဘာဖြစ်နေလဲ ” လို့ မေးခွန်းပြန်မေးခဲ့ ပါ တယ်။ သတင်းစာရှင်းလင်းပွဲမှာ Eleven media group က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အရေးယူဖို့ အတွက်ရေလာမြောင်းပေး မေးခွန်းတွေကို မေးမြန် ခဲ့တာဖြစ် ပါတယ်။ လက်ရှိမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို တပ်မတော်ရိက္ခာဆောင်တွင်ထားရှိထားပြီး စစ်ဆေးဆောင်ရွက် ဆဲဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီ …

ရူးနေတဲ့သားက ရိုက်လို့နားမကြားတော့ဘဲ ပင်ပန်းခက်ခဲစွာအဝတ်လိုက်လျှော်နေရတဲ့ အသက်(၈၀)ကျော်အဖွား
News
ရူးနေတဲ့သားက ရိုက်လို့နားမကြားတော့ဘဲ ပင်ပန်းခက်ခဲစွာအဝတ်လိုက်လျှော်နေရတဲ့ အသက်(၈၀)ကျော်အဖွား

ရူးနေတဲ့သားက ရိုက်လို့နားမကြားတော့ဘဲ ပင်ပန်းခက်ခဲစွာအဝတ်လိုက်လျှော်နေရတဲ့ အသက်(၈၀)ကျော်အဖွား တစ်စတစ်စနဲ့ ဆိုးရွားလာတဲ့ လက်ရှိပြည်တွင်းရေး အခြေအနေတွေ ကြောင့်ပြည်သူတွေ ဟာအစစ အရာရာခက်ခဲကြပ် တည်းနေကြ ရပြီး တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်ပွား ကာစစ်ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့နေကြ တာလည်းဖြစ် ပါတယ် ။ အဖိုးအဖွားပြည်သူတွေ အနေနဲ့အခု လိုအချိန်မှာ အခက်အခဲတွေ ကိုပိုမိုရင်ဆိုင်နေ ရပြီးစားဝတ်နေရေး အတွက်ခက်ခက် ခဲခဲရုန်းကန်နေ ကြရတာတော်တော် များများတွေ့မြင်နေ ရပါတယ် ။ အဝတ်လိုက်လျှော်ပြီး ပင်ပန်းခက်ခဲ စွာရုန်းကန်နေရတဲ့ အသက်(၈၀)ကျော်အဖွားတစ်ယောက်ကလည်းရူးနေ တဲ့သားကို ရှာဖွေကျွေးမွေး ရတဲ့အပြင်အရိုက် ခံရတာကြောင့် လည်းနားသိပ် မကြားတော့ဘဲ စားဝတ်နေရေး အတွက် ခက်ခက်ခဲခဲ ရှာဖွေနေရ တာတွေ့ရ ပါတယ်။ အဖွား …

News
ဒေါက်တာ ဆာဆာ ပြောသည့် သူ့ဘဝ ဇာတ်ကြောင်း နှင့် NU G ရင်ဆိုင်နေရသည့် ပြဿနာ

ဒေါက်တာ ဆာဆာ ပြောသည့် သူ့ဘဝ ဇာတ်ကြောင်း နှင့် NU G ရင်ဆိုင်နေရသည့် ပြဿနာ အမေရိကန် ရှိ လက်ဝဲယိမ်း ဆိုရှယ်လစ် ဝါဒီ မဂ္ဂဇင်း ကြီး Jacobin နှင့် ​တွေ့ဆုံ မေးမြန်းခန်းတွင် ဒေါက်တာ ဆာဆာကသူဘဝဇာတ်ကြောင်းနှင့် လက်ရှိ ရင်ဆိုင်နေရမှု များအတွက် ပွင့်လင်းစွာ ပြောသွားသည်ကို ပြန်လည် တင်ပြခြင်း ဖြစ်သည်။ ကျွန်တော် ကို မြန်မာ နိုင်ငံ အေ နာက်မြောက်ပိုင်း ချင်းပြည်နယ် အတွင်းရှိ… ရွာတရွာ မှာ မွေးဖွားခဲ့ပါတယ်။ ရွာမှာ လမ်းပန်း ဆက်သွယ်ရေး မရှိ၊ လျှပ်စစ် မီးမရှိ၊ …