ပုဂၢိဳလ္ေရး အက်ိဳးစီးပြားကို ဦးစားေပးၿပီး အာဏာသိမ္းျခင္းဟု ဦးဝင္းထိန္ေျပာ

News

ပုဂၢိဳလ္ေရး အက်ိဳးစီးပြားကို ဦးစားေပးၿပီး အာဏာသိမ္းျခင္းဟု ဦးဝင္းထိန္ေျပာ

“ဗိုလ္ခ်ဳပ္မွူးႀကီး မင္းေအာင္လွိုင္သည္ တိုင္းျပည္ႏွင့္ လူမ်ိဳး၏ အက်ိဳးစီးပြားကို ထည့္သြင္းစဥ္းစားျခင္း မရွိဘဲ ပုဂၢိဳလ္ေရး အက်ိဳးစီးပြားကိုသာ ဦးစားေပးသူ” ဟု

ပုဂၢိဳလ္ေရး အက်ိဳးစီးပြားကို ဦးစားေပးၿပီး အာဏာသိမ္းျခင္းဟု ဦးဝင္းထိန္ေျပာ

ယေန႔ စစ္တပ္အာဏာသိမ္းျခင္းႏွင့္ ပတ္သက္ၿပီး အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ သဘာပတိ ဦးဝင္းထိန္က ေဝဖန္လိုက္သည္။

“တရားဝင္ အစိုးရ၊ ျပည္သူလူထုကေန Mandate ေပးထားတဲ့ ျပည္သူလူထုကေန ေရြးခ်ယ္ထားတဲ့ ပုဂၢိဳလ္ နိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို ဖမ္းလိုက္ၿပီ ဆိုကတည္းက ဗိုလ္ခ်ဳပ္မွူးႀကီး မင္းေအာင္လွိုင္ဟာ မထူးဇာတ္ခင္းသြားၿပီ” ဟု ၎က ဆိုသည္။

ပုဂၢိဳလ္ေရး အက်ိဳးစီးပြားကို ဦးစားေပးၿပီး အာဏာသိမ္းျခင္းဟု ဦးဝင္းထိန္ေျပာ

ယေန႔ စစ္တပ္အာဏာသိမ္းၿပီးေနာက္ သတင္းေထာက္မ်ားက NLD ပါတီ သဘာပတိ ဦးဝင္းထိန္အား ေမးျမန္းရာ ထိုသို့ ေျဖၾကားျခင္းျဖစ္သည္။

“အခုက်ေနာ္တို့ ကိုဗစ္-19 နဲ႔ ပတ္သက္ၿပီး တနိုင္ငံလုံး ဒုကၡေရာက္ေနတယ္။ ေဆးထိုး တာေတြလည္း တဝက္ တပ်က္။ အဲဒါထက္ကို ဒုတိယတခ်က္က နိုင္ငံ့စီးပြားေရးက်ေနတာ။

အဲဒီလိုအခ်ိန္မွာ ဒီလို မေထာက္မညႇာ အာဏာ သိမ္းတာက အေျမာ္အျမင္နည္းတယ္။ အျမင္က်ဥ္းေျမာင္းတယ္လို့ပဲ ေျပာခ်င္ပါတယ္” ဟု ၎က ေဝဖန္သည္။

အာဏာသိမ္းသည့္ လုပ္ရပ္သည္ တပ္မေတာ္က ေရးဆြဲျပဌာန္းထားေသာ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဖ်က္သိမ္း လိုက္သည့္ သေဘာျဖစ္ေၾကာင္း ဦးဝင္းထိန္က ေျပာသည္။

ဆက္လက္၍ ၎က “ဗိုလ္ခ်ဳပ္မွူးႀကီးမင္းေအာင္လွိုင္နဲ႔ သူ႔မိသားစုဟာ တိုင္းျပည္မွာ က်ိက်ိတက္ ခ်မ္းသာေနတယ္ ဆို တာ လူတိုင္းသိတယ္။

တပ္မေတာ္သားေခါင္းေဆာင္ေတြလည္း သိတယ္။ တပ္မေတာ္သား ေခါင္းေဆာင္ေတြဟာ အဲဒီလို လူမ်ိဳးကို ဆက္ေထာက္ခံေနမယ္ဆိုရင္

တပ္မေတာ္ဟာ အစက ျပည္သူလူထု မေထာက္ခံတဲ့ တပ္မေတာ္၊ အခုေတာ့ ျပည္သူလူထု ရြံရွာမုန္းတီးတဲ့ တပ္မေတာ္ျဖစ္လိမ့္မယ္” ဟု ေျပာဆိုသည္။

ထို့အျပင္ ျပည္သူလူထုအေနႏွင့္လည္း အာဏာသိမ္းသည့္ လုပ္ရပ္ကို အၾကမ္းမဖက္ဘဲ အႏုနည္းျဖင့္ အာဏာဖီဆန္ ၾကရန္လည္း ဦးဝင္းထိန္က တိုက္တြန္းလိုက္သည္။

ယေန႔နံနက္ အာ႐ုဏ္တက္ခ်ိန္တြင္ တပ္မေတာ္က နိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတ ဦးဝင္းျမင့္အပါအဝင္ အစိုးရအဖြဲ႕ဝင္မ်ား ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္မ်ား၊ တက္ႂကြလွုပ္ရွားသူမ်ားကို ဖမ္းဆီးခဲ့ျခင္းျဖစ္သည္

Credit

Unicode

ပုဂ္ဂိုလ်ရေး အကျိုးစီးပွားကို ဦးစားပေးပြီး အာဏာသိမ်းခြင်းဟု ဦးဝင်းထိန်ပြော

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းပြည်နှင့် လူမျိုး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားကိုသာ ဦးစားပေးသူ” ဟု

ယနေ့ စစ်တပ်အာဏာသိမ်းခြင်းနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ ဦးဝင်းထိန်က ဝေဖန်လိုက်သည်။

“တရားဝင် အစိုးရ၊ ပြည်သူလူထုကနေ Mandate ပေးထားတဲ့ ပြည်သူလူထုကနေ ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက်ပြီ ဆိုကတည်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မထူးဇာတ်ခင်းသွားပြီ” ဟု ၎င်းက ဆိုသည်။

ယနေ့ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းထောက်များက NLD ပါတီ သဘာပတိ ဦးဝင်းထိန်အား မေးမြန်းရာ ထိုသို့ ဖြေကြားခြင်းဖြစ်သည်။

“အခုကျနော်တို့ ကိုဗစ်-19 နဲ့ ပတ်သက်ပြီး တနိုင်ငံလုံး ဒုက္ခရောက်နေတယ်။ ဆေးထိုး တာတွေလည်း တဝက် တပျက်။ အဲဒါထက်ကို ဒုတိယတချက်က နိုင်ငံ့စီးပွားရေးကျနေတာ။

အဲဒီလိုအချိန်မှာ ဒီလို မထောက်မညှာ အာဏာ သိမ်းတာက အမြော်အမြင်နည်းတယ်။ အမြင်ကျဉ်းမြောင်းတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းက ဝေဖန်သည်။

အာဏာသိမ်းသည့် လုပ်ရပ်သည် တပ်မတော်က ရေးဆွဲပြဌာန်းထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း လိုက်သည့် သဘောဖြစ်ကြောင်း ဦးဝင်းထိန်က ပြောသည်။

ဆက်လက်၍ ၎င်းက “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ့မိသားစုဟာ တိုင်းပြည်မှာ ကျိကျိတက် ချမ်းသာနေတယ် ဆို တာ လူတိုင်းသိတယ်။

တပ်မတော်သားခေါင်းဆောင်တွေလည်း သိတယ်။ တပ်မတော်သား ခေါင်းဆောင်တွေဟာ အဲဒီလို လူမျိုးကို ဆက်ထောက်ခံနေမယ်ဆိုရင်

တပ်မတော်ဟာ အစက ပြည်သူလူထု မထောက်ခံတဲ့ တပ်မတော်၊ အခုတော့ ပြည်သူလူထု ရွံရှာမုန်းတီးတဲ့ တပ်မတော်ဖြစ်လိမ့်မယ်” ဟု ပြောဆိုသည်။

ထို့အပြင် ပြည်သူလူထုအနေနှင့်လည်း အာဏာသိမ်းသည့် လုပ်ရပ်ကို အကြမ်းမဖက်ဘဲ အနုနည်းဖြင့် အာဏာဖီဆန် ကြရန်လည်း ဦးဝင်းထိန်က တိုက်တွန်းလိုက်သည်။

ယနေ့နံနက် အာရုဏ်တက်ချိန်တွင် တပ်မတော်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အပါအဝင် အစိုးရအဖွဲ့ဝင်များ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

News
ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းႏွင့္ Eleven Media က ဘာျဖစ္ေနလဲဟုေဇာ္မဲလံုး ​ေမးခြန္း ထုတ္

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းႏွင့္ Eleven Media က ဘာျဖစ္ေနလဲဟုေဇာ္မဲလံုး ​ေမးခြန္း ထုတ္ Eleven media group သတင္းေထာက္တစ္ဦးက ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကို ဘာေၾကာင့္ အေရးမယူလဲလို႔ ေမးျမန္းရာမွာ အၾကမ္းဖက္ စစ္ေကာင္စီ ေဇာ္မဲလံုးက “ရန္ကုန္တိုင္ းဝန္ႀကီးခ်ဳပ္ႏွင့္ Eleven က ဘာျဖစ္ေနလဲ ” လို႔ ေမးခြန္းျပန္ေမးခဲ့ ပါ တယ္။ သတင္းစာရွင္းလင္းပြဲမွာ Eleven media group က ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကို အေရးယူဖို ႔အတြက္ေရလာေျမာင္းေပး ေမးခြန္းေတြကို ေမးျမန္ ခဲ့တာျဖစ္ ပါတယ္။ လက္ရွိမွာ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ကို တပ္မေတာ္ရိကၡာေဆာင္တြင္ထားရွိထားၿပီး စစ္ေဆးေဆာင္႐ြက္ ဆဲျဖစ္တယ္လို႔ အၾကမ္းဖက္စစ္ေကာင္စီ …

႐ူးေနတဲ့သားက ႐ိုက္လို႔နားမၾကားေတာ့ဘဲ ပင္ပန္းခက္ခဲစြာအဝတ္လိုက္ေလွ်ာ္ေနရတဲ့ အသက္(၈၀)ေက်ာ္အဖြား
News
႐ူးေနတဲ့သားက ႐ိုက္လို႔နားမၾကားေတာ့ဘဲ ပင္ပန္းခက္ခဲစြာအဝတ္လိုက္ေလွ်ာ္ေနရတဲ့ အသက္(၈၀)ေက်ာ္အဖြား

႐ူးေနတဲ့သားက ႐ိုက္လို႔နားမၾကားေတာ့ဘဲ ပင္ပန္းခက္ခဲစြာအဝတ္လိုက္ေလွ်ာ္ေနရတဲ့ အသက္(၈၀)ေက်ာ္အဖြား တစ္စတစ္စနဲ႔ ဆိုး႐ြားလာတဲ့ လက္ရွိျပည္တြင္းေရး အေျခအေနေတြ ေၾကာင့္ျပည္သူေတြ ဟာအစစ အရာရာခက္ခဲၾကပ္ တည္းေနၾက ရၿပီး တိုက္ပြဲေတြလည္း ဆက္တိုက္ျဖစ္ပြား ကာစစ္ေဘးအႏၲရာယ္ေတြနဲ႔ ႀကဳံေတြ႕ေနၾက တာလည္းျဖစ္ ပါတယ္ ။ အဖိုးအဖြားျပည္သူေတြ အေနနဲ႔အခု လိုအခ်ိန္မွာ အခက္အခဲေတြ ကိုပိုမိုရင္ဆိုင္ေန ရၿပီးစားဝတ္ေနေရး အတြက္ခက္ခက္ ခဲခဲ႐ုန္းကန္ေန ၾကရတာေတာ္ေတာ္ မ်ားမ်ားေတြ႕ျမင္ေန ရပါတယ္ ။ အဝတ္လိုက္ေလွ်ာ္ၿပီး ပင္ပန္းခက္ခဲ စြာ႐ုန္းကန္ေနရတဲ့ အသက္(၈၀)ေက် ာ္အဖြားတစ္ေယာက္ကလည္း႐ူးေန တဲ့သားကို ရွာေဖြေကြၽးေမြး ရတဲ့အျပင္အ႐ိုက္ ခံရတာေၾကာင့္ လည္းနားသိပ္ မၾကားေတာ့ဘဲ စားဝတ္ေနေရး အတြက္ ခက္ခက္ခဲခဲ ရွာေဖြေနရ တာေတြ႕ရ ပါတယ္။ အဖြား …

News
ေဒါက္တာ ဆာဆာ ေျပာသည့္ သူ႕ဘဝ ဇာတ္ေၾကာင္း ႏွင့္ NU G ရင္ဆိုင္ေနရသည့္ ျပႆနာ

ေဒါက္တာ ဆာဆာ ေျပာသည့္ သူ႕ဘဝ ဇာတ္ေၾကာင္း ႏွင့္ NU G ရင္ဆိုင္ေနရသည့္ ျပႆနာ အေမရိကန္ ရွိ လက္ဝဲယိမ္း ဆိုရွယ္လစ္ ဝါဒီ မဂၢဇင္း ႀကီး Jacobin ႏွင့္ ​ေတြ႕ဆုံ ေမးျမန္းခန္းတြင္ ေဒါက္တာ ဆာဆာကသူဘဝဇာတ္ေၾကာင္ းႏွင့္ လက္ရွိ ရင္ဆိုင္ေနရမႈ မ်ားအတြက္ ပြင့္လင္းစြာ ေျပာသြားသည္ကို ျပန္လည္ တင္ျပျခင္း ျဖစ္သည္။ ကြၽန္ေတာ္ ကို ျမန္မာ နိုင္ငံ အေ နာက္ေျမာက္ပိုင္း ခ်င္းျပည္နယ္ အတြင္းရွိ… ႐ြာတ႐ြာ မွာ ေမြးဖြားခဲ့ပါတယ္။ ႐ြာမွာ လမ္းပန္း ဆက္သြယ္ေရး မရွိ၊ လွ်ပ္စစ္ မီ းမရွိ၊ …