
News













Unicode

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူများ ချက်ချင်းလွှတ်ပေးရန် အမေရိကန်တောင်းဆို


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိမ်းသိမ်းထားသူများ ကို ယနေ့ချက်ချင်း ပြန်လွှတ်ပေးရန် အမေရိကန် သမ္မတ အိမ်ဖြူတော်က တောင်းဆို လိုက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / အတိုင်ပင်ခံရုံးနိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီး ထိန်း သိမ်းထား သူများ ကို ယနေ့ချက်ချင်း ပြန်လွှတ်ပေးရန် အမေရိကန် သမ္မတ အိမ်ဖြူတော်က တောင်းဆိုလိုက်သည်။


ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော်သမ္မတနှင့် NLD ပါတီထိပ်ပိုင်း ခေါင်းဆောင်များကို တပ်မတော်က ယနေ့မနက် အစောပိုင်းတွင် ဖမ်းဆီး လိုက်ပြီးနောက် အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန် လိုက်ခြင်း ဖြစ် သည်။

​မေရိကန် အစိုးရ အနေနှင့် မြန်မာ့ ဒီမိုကရေစီ အင်စတီကျူးရှင်းများကို ထောက်ခံသွားမည် ဖြစ်ပြီး ဒေသတွင်း မဟာမိတ်များနဲ့ ပူးပေါင်းသွားမည် ဟုထုတ်ပြန် ချက်တွင် ​ဖော်ပြ ထားသည်။

တပ်မတော် အပါအဝင် အခြားသော နိုင်ငံရေးပါတီများ အနေနှင့် ဒီမိုကရေစီစံနှုန်းများကို လိုက်နာကြရန်လည်း အိမ်ဖြူတော်က တိုက်တွန်း လိုက်သည်။

​ေရွေးကောက်ပွဲ ရလဒ် ကို ပြောင်း လဲ ရန် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်သည် ဟု လည်း ရေးသား ထား သည် ။

လက်ရှိ အခြေအနေ ကို နီးကပ်စွာ ​စောင့် ကြည့် နေပြီး မြန်မာနိုင်ငံသားများနှင့်အတူ ရပ်တည် ကြောင်း အိမ်ဖြူတော်က ကြေညာလိုက်သည်။Topics: ဒေါ်အောင်ဆန်းစုကြည်, အမေရိကန်, အာဏာသိမ်း, အိမ်ဖြူတော်

Source content The Irrawaddy- Burmese Edition

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

News
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် Eleven Media က ဘာဖြစ်နေလဲဟုဇော်မဲလုံး ​မေးခွန်း ထုတ်

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် Eleven Media က ဘာဖြစ်နေလဲဟုဇော်မဲလုံး ​မေးခွန်း ထုတ် Eleven media group သတင်းထောက်တစ်ဦးက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဘာကြောင့် အရေးမယူလဲလို့ မေးမြန်းရာမှာ အကြမ်းဖက် စစ်ကောင်စီ ဇော်မဲလုံးက “ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် Eleven က ဘာဖြစ်နေလဲ ” လို့ မေးခွန်းပြန်မေးခဲ့ ပါ တယ်။ သတင်းစာရှင်းလင်းပွဲမှာ Eleven media group က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အရေးယူဖို့ အတွက်ရေလာမြောင်းပေး မေးခွန်းတွေကို မေးမြန် ခဲ့တာဖြစ် ပါတယ်။ လက်ရှိမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို တပ်မတော်ရိက္ခာဆောင်တွင်ထားရှိထားပြီး စစ်ဆေးဆောင်ရွက် ဆဲဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီ …

ရူးနေတဲ့သားက ရိုက်လို့နားမကြားတော့ဘဲ ပင်ပန်းခက်ခဲစွာအဝတ်လိုက်လျှော်နေရတဲ့ အသက်(၈၀)ကျော်အဖွား
News
ရူးနေတဲ့သားက ရိုက်လို့နားမကြားတော့ဘဲ ပင်ပန်းခက်ခဲစွာအဝတ်လိုက်လျှော်နေရတဲ့ အသက်(၈၀)ကျော်အဖွား

ရူးနေတဲ့သားက ရိုက်လို့နားမကြားတော့ဘဲ ပင်ပန်းခက်ခဲစွာအဝတ်လိုက်လျှော်နေရတဲ့ အသက်(၈၀)ကျော်အဖွား တစ်စတစ်စနဲ့ ဆိုးရွားလာတဲ့ လက်ရှိပြည်တွင်းရေး အခြေအနေတွေ ကြောင့်ပြည်သူတွေ ဟာအစစ အရာရာခက်ခဲကြပ် တည်းနေကြ ရပြီး တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်ပွား ကာစစ်ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့နေကြ တာလည်းဖြစ် ပါတယ် ။ အဖိုးအဖွားပြည်သူတွေ အနေနဲ့အခု လိုအချိန်မှာ အခက်အခဲတွေ ကိုပိုမိုရင်ဆိုင်နေ ရပြီးစားဝတ်နေရေး အတွက်ခက်ခက် ခဲခဲရုန်းကန်နေ ကြရတာတော်တော် များများတွေ့မြင်နေ ရပါတယ် ။ အဝတ်လိုက်လျှော်ပြီး ပင်ပန်းခက်ခဲ စွာရုန်းကန်နေရတဲ့ အသက်(၈၀)ကျော်အဖွားတစ်ယောက်ကလည်းရူးနေ တဲ့သားကို ရှာဖွေကျွေးမွေး ရတဲ့အပြင်အရိုက် ခံရတာကြောင့် လည်းနားသိပ် မကြားတော့ဘဲ စားဝတ်နေရေး အတွက် ခက်ခက်ခဲခဲ ရှာဖွေနေရ တာတွေ့ရ ပါတယ်။ အဖွား …

News
ဒေါက်တာ ဆာဆာ ပြောသည့် သူ့ဘဝ ဇာတ်ကြောင်း နှင့် NU G ရင်ဆိုင်နေရသည့် ပြဿနာ

ဒေါက်တာ ဆာဆာ ပြောသည့် သူ့ဘဝ ဇာတ်ကြောင်း နှင့် NU G ရင်ဆိုင်နေရသည့် ပြဿနာ အမေရိကန် ရှိ လက်ဝဲယိမ်း ဆိုရှယ်လစ် ဝါဒီ မဂ္ဂဇင်း ကြီး Jacobin နှင့် ​တွေ့ဆုံ မေးမြန်းခန်းတွင် ဒေါက်တာ ဆာဆာကသူဘဝဇာတ်ကြောင်းနှင့် လက်ရှိ ရင်ဆိုင်နေရမှု များအတွက် ပွင့်လင်းစွာ ပြောသွားသည်ကို ပြန်လည် တင်ပြခြင်း ဖြစ်သည်။ ကျွန်တော် ကို မြန်မာ နိုင်ငံ အေ နာက်မြောက်ပိုင်း ချင်းပြည်နယ် အတွင်းရှိ… ရွာတရွာ မှာ မွေးဖွားခဲ့ပါတယ်။ ရွာမှာ လမ်းပန်း ဆက်သွယ်ရေး မရှိ၊ လျှပ်စစ် မီးမရှိ၊ …