(၁) ရှားစောင်းလက်ပတ်”
(၂) ကြက်ဥအနှစ်”
(၃) အုန်းဆီ”
(၄) ရေအေး”
Credit – Aunty May
Unicode
အိန္ဒိယသူတွေအသုံးပြုတဲ့ ဆံပင်အရှည်မြန်နည်း လျှို့ဝှက်ချက် (၄) မျိုး
အိန္ဒိယသူတွေ အများစုဟာ ဆံပင်သန်စွမ်းမည်းနက်ပြီး ဆံသားကောင်းမွန်ခြင်းနဲ့ ပြည့်စုံတာကို ဘောလိဝုဒ်ရုပ်ရှင်တွေ ထဲမှာ ချစ်တို့ တွေ့မြင်ဖူးကြ ပါလိမ့်မယ်။
အခုပြောပြပေးချင်တာကတော့ အိန္ဒိယသူတွေ အသုံးပြုကြတဲ့ ဆံပင်အရှည်မြန်နည်း လျှို့ဝှက်ချက်တွေပဲ ဖြစ်ပါတယ်နော် ။
(၁) ရှားစောင်းလက်ပတ်”
ရှားစောင်း လက်ပပ်ဂျယ်လ်ဟာ အသားအရေ အလှအပနဲ့ ကျန်းမာရေး အတွက် သာမက ဆံကေသာ အလှအပ အတွက်ပါ အသုံးဝင်တဲ့ သဘာဝ ပစ္စည်းတမျိုး ဖြစ်ပါတယ်။ ခေါင်းမလျှော်ခင် နာရီဝက်လောက်
အလိုမှာ ရှားစောင်း လက်ပပ်ပင်ကရတဲ့ ရှားစောင်းလက်ပပ် ဂျယ်လ်ကို ဆံကေသာ အရင်းကနေ အဖျားအထိ နှံ့စပ်အောင် လိမ်းပေးပြီးမှ လျှော်ခြင်းက ဆံသားအရှည်မြန်ခြင်းကို ကူညီပေးနိုင် မှာပဲ ဖြစ်ပါတယ် ။
(၂) ကြက်ဥအနှစ်”
ကြက်ဥအနှစ်ဟာ ခြောက်သွေ့ ပျက်စီးနေတဲ့ ဆံသားတွေကို ပြန်လည်ကောင်းမွန်စေ တဲ့အပြင် ဆံပင်အ ရှည်မြန်ခြင်း ကိုလည်း
အထောက် အကူ ဖြစ်စေတာကြောင့် ခေါင်းမလျှော်ခင် ကြက်ဥအနှစ်နဲ့ ဆံသားကို ပေါင်းတင်ပေးသင့် ပါတယ်နော် ။
(၃) အုန်းဆီ”
အုန်းဆီဟာ ဆိုရင်တော့ အိန္ဒိယရိုးရာတိုင်း ရင်းဆေးတွေ မှာသာမက အလှအပရေးရ ာတွေမှာပါ အသုံးပြုကြတဲ့ သဘာဝအဆီ တစ်မျိုးပါ။
အိန္ဒိယသူတွေ ဆံသားကောင်းမွန်ပြီး မည်းနက်သန် စွမ်းကြခြင်းရဲ့အကြောင်းရင်းကတော့ အုန်းဆီကို ပုံမှန်လိုလို လိမ်းကျံကြလို့ပါပဲ။ အုန်းဆီရဲ့ စေးကပ်တဲ့ အထိအတွေ့ကို
မကြိုက်သူတွေအနေနဲ့တော့ခေါင်းမလျှော်ခင် အုန်းဆီကို ခပ်ရွှဲရွှဲလိမ်းပြီးမှ လျှော်ပေးခြင်းက ဆံသားကို အရှည်မြန်စေ မှာပဲ ဖြစ်ပါတယ် ။
(၄) ရေအေး”
ခေါင်းလျှော်တဲ့အခါ ရေနွေးနဲ့ခေါင်းလျှော်ခြင်းထက် ရေအေးနဲ့ခေါင်းလျှော်ပေးခြင်းက ဦးရေပြား သွေးလည် ပတ်မှုကို ပိုမိုကောင်း မွန်စေတဲ့ အပြင် ဆံပင်အရှည် မြန်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါ တယ်နော် ။
Credit – Aunty May
Leave a Reply
Your email address will not be published.