နံပါတ်(၁)
နံပါတ်(၂)
နံပါတ်(၃)
နံပါတ်(၄)
နံပါတ်(၅)
Unicode
မိမိတို့၏ တစ်နေ့တာမှာ ဖုန်းလုံးဝမသုံးသင့်တဲ့ အချိန်များ
ယနေ့ခေတ်ချိန်ခါမှာ လူကြီး၊လူငယ် ကျား/မ အကုန်လုံးမှာ ဖုန်းအသုံးမပြုတဲ့ သူမရှိသလောက်ပါ ပဲအကြောင်းတစ်ခု ခုကြောင့်တော့ဖုန်းကို မလွှဲ မရှောင်သာ အသုံးပြုနေကြရ တာပဲဖြစ်ပါတယ်
မရှောင်လွှဲနိုင် တဲ့အခြေအနေကြီး မှာ ဖုန်းအသုံးပြုခြင်းက တစ်နေ့တာရဲ့ အရေးကြီးတဲ့အချိန်တွေကို သိမ်းပိုက်ထားတာ မျိုး မဖြစ်ရ အောင်
ဖုန်းအသုံး မပြုသင့်တဲ့ အချိန်တွေကိုအခုလို ဖော်ပြပေး လိုက် ရပါတယ် ၎င်းအချိန်တွေမှာ ဖုန်း အသုံးမပြုဖြစ်အောင် ဆင်ခြင်ရာက ရလာမယ့် အကျိုးကျေးဇူးလေး တွေကို ပြောပြပေးသွားမှာ ပါနော်….
နံပါတ်(၁)
နံနက်အိပ်ရာနိုးနိုးချင်း လူအတော်များများကတော့ ပုံမှန်လုပ်မြဲအလုပ် တစ်ခုလို ဖုန်းကို အရင်ဆုံးသုံးလေ့ရှိကြပါ တယ်။ တစ်နေ့တာရဲ့အစ မနက်ခင်းမှာ
စိတ်ကြည်လင်လန်းဆန်း ဖို့ဆိုတာ သိပ် ကိုအရေးကြီးပါတယ် နိုးနိုးချင်း အိပ်ယာထဲမှာဆက်လှဲနေပြီး ဖုန်းနဲ့အချိန်ကုန် လိုက်ခြင်းကလူကို လေးလံသွားစေ သလို
facebook ကြည့်တတ်ကြတဲ့သူ တွေအတွက် ၎င်းကနေ စိတ်ညစ်စရာတွေ တွေ့လာခဲ့ တဲ့အခါ စိတ်ကြည်လင်မှုကိအနှောင့်အယှက်ပေးမှာပဲ ဖြစ်ပါတယ်
အဲ့ဒီအစား မနက်နိုးနိုးခြင်း ဖုန်းအသုံးမပြုဘဲ ဝရန်တာ ထွက်ပြီးလေအဝရှုလိုက် တာ၊ ပတ်ဝန်းကျင်ကိုကြည့် လိုက်တာမျိုးက စိတ်လန်းဆန်း မှုနဲ့တက်ကြွမှုကို ရစေမှာပဲဖြစ်ပါတယ်
နံပါတ်(၂)
အစားအသောက် စားချိန်မှာဖုန်းအသုံး မပြုဘဲ အစားအသောက် ကို အာရုံစိုက်စားတာ မျိုးလုပ်သင့်ပါတယ်။အစားအသောက် ကပေးတဲ့
အစာစွမ်း အင်မျိုး၊ အစာစားချင်စိတ် ကို ပုံမှန်ဖြစ်စေတာမျိုးနဲ့အစာ ခြေစနစ် ကောင်းမွန်ဖို့အ တွက် အစားအသောက် အပေါ်ပဲ အာရုံစိုက်ပြီး စားဖို့လိုအပ်နေ ပါတယ်။
အစား အသောက်ကပေးတဲ့ အရသာကို သေသေချာ ချာခံစားနိုင်မှု ကလည်း အစားအသောက် ကို အာရုံစိုက်စားခြင်း မျိုးကနေ ရနိုင်တာပဲဖြစ်ပါတယ်
နံပါတ်(၃)
ညအိပ်ယာဝင်ချိန်ပါ။ မနက်အိပ်ယာနိုး ချိန်မှာ ကြည်ကြည် လင်လင်နိုးဖို့အတွက် ညအိပ်ယာ ဝင်ချိန်မှာခေါင်းရှင်းရှင်း လင်းလင်းနဲ့ အိပ်ပျော်ဖို့အရေး ကြီးပါတယ်ဖုန်းအသုံးပြု နေရင်း အိပ်ပျော်သွားတာ
မျိုး၊ facebook အသုံးပြုနေရင်းအိပ်ခါနီး ဝမ်းနည်းစရာ သတင်းတွေ တက်လာတာမျိုး၊စိတ်ညစ်စရာတွေ တွေ့လိုက်ရ တာမျိုးက အိပ်စက်ခြင်း ကို အနှောင့်အယှက် ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေနဲ့
ဦးနှောက် ပင်ပန်းမှုတွေလည်း ဖြစ်သွားစေနိုင်ပါတယ်။ အဲ့ဒီအစား ဖုန်းကို အသုံးမပြုပဲ အိပ်စက်တာမျိုး က အိပ်စက်ခြင်း ကနေပေးတဲ့ စွမ်းအင်ကို အပြည့်အဝရစေမှ ာပဲ ဖြစ်ပါတယ်
နံပါတ်(၄)
အလုပ် လုပ်ချိန် အလုပ်လုပ် တဲ့ အချိန်တွေကဖုန်းတွေ အသုံးမပြုလေကောင်းလေပါပဲ။အလုပ်နဲ့ပတ်သတ်တာ တွေ ဖုန်းနဲ့ ဆက်သွယ်တာ ကမျိုးကလွဲရင် အလုပ်ချိန် မှာ ဖုန်းသုံးတာက
သင့်ကို စိတ်အပြောင်းအလဲ ဖြစ်စေတာ မျိုးထက် တစ်ခါ တစ်လေ ထိုင်းမှိုင်းသွားစေ တတ်ပါတယ်။အလုပ် လုပ်နိုင်စွမ်း ကိုလည်း နှေးကွေးသွားစေလို့ အလုပ်မှာ အာရုံစိုက်တာ က အကောင်းဆုံးပါပဲ
နံပါတ်(၅)
လမ်းသွားတဲ့အချိန် လမ်းလျှောက်နေရင်း ဖုန်းသုံးတာ က တကယ့်ကို အန္တရာယ်ကြီး တဲ့ ကိစ္စပါပဲ။ ဖုန်းကို အာရုံစိုက် ပြီးငုံ့သုံးနေတဲ့ အတွက် ယာဉ်အန္တရာယ်တွေ အပြင် အခြားအန္တရာယ်တွေ
ကို ကြုံရ နိုင်ပါတယ်။ ဒါ့အပြင် မသမာ သူတွေရဲ့ ဖုန်းလုတာမျိုး တွေကိုပါ ရင်ဆိုင်ရတတ်တာကြောင့် လမ်းသွားနေတဲ့ အချိန်မှာ ဖုန်း(လုံးဝ)မသုံးသင့် ပါဘူးနော်….။
Credit – မူရင်းရေးသားသူအား လေးစားစွာဖြင့်
Leave a Reply
Your email address will not be published.