အွန်လိုင်းပေါ်မှာတွေ့တဲ့ ကင်ဆာရောဂါကို ပျောက်အောင်ကုသပေးမယ်ဆိုတဲ့ ဘုန်းကြီးကိုယုံစားမိပြီး ပုံအပ်မိရာမှ… See more. .

အွန်လိုင်းပေါ်မှာတွေ့တဲ့ ကင်ဆာရောဂါကို ပျောက်အောင်ကုသပေးမယ်ဆိုတဲ့ ဘုန်းကြီးကိုယုံစားမိပြီး ပုံအပ်မိရာမှ… See more. .

အွန်လိုင်းပေါ်မှာတွေ့တဲ့ ကင်ဆာရောဂါကို ပျောက်အောင်ကုသပေးမယ်ဆိုတဲ့ ဘုန်းကြီးကိုယုံစားမိပြီး ပုံအပ်မိရာမှ… See more. .

ကျွန်တော့်အကို တယောက် လိုင်းပေါ်မှာတွေ့တဲ့ အသဲကင်ဆာရောဂါသည်တွေကို ပျောက်အောင်ကုသပေး နိုင်တယ်ဆိုတဲ့ ဘုန်းကြီးတပါး ညောင်ဦးမြို့နယ်(မန္တလေးတိုင်း) မှာ ရှိတယ်ဆိုလို့

ရန်ကုန်ကနေ၁၀-၆-၂၂မှာ ညောင်ဦးကိုရောဂါကုသ ဖို့ထွက်ခဲ့ပါတယ် ကျွန်တော်နဲ့ညီလေးတယောက်ပါ အဖော်အနေနဲ့ လိုက်ပါသွားခဲ့ကြပါတယ် ညောင်ဦးကို ညနေ ၄နာရီကျော်လောက်ရောက်ပြီး

ကန်တော်ဘုန်းကြီးကျောင်းကို တိုက်ရိုက်သွားခဲ့ပါတယ် ကျော င်းရောက်တော့ ဆရာတော်ကကျိန်းနေ တယ်ဆိုလို့ ဒုလက်ထောက် ဘုန်းကြီးနဲ့တွေ့ပြီးအကျိုးအကြောင်းလျှောက်တင်တော့

ဆေးထိုးရမယ် ၅ရက်ဆက်တိုက်ထိုးရမယ်လို့မိန့်ပါတယ် ဒါနဲ့ ဆေးထိုးတဲ့နေရာ (ဆရာတော်လူနာတွေတွေ့တဲ့ဘေး) မှာ ဆေး၂လုံးထိုးရပါတယ် အဝါရောင်အရည်ဆေးရည်ပါ ဘယ်/ညာ

တင်ပါးနှစ် ဖက်ထိုးရပါတယ် ဆေးထိုးခ ၁၀၀၀၀ ကျပ်ပေးရပါတယ အဲဒါထိုးပြီးတော့ ပျားရည်နဲ့ဖော်စပ်ထားတဲ့ ဆေးတွေဝယ် ရပါတယ် ၂၂၀၀၀ကျပ် ကျသင့်ပါတယ် ကိစ္စပြီးတော့ ကျောင်းကနေ

ညောင်ဦးမြို့ထဲကတည်းခိုခန်း ကိုပြန်ပါတယ် အဲဒီညက အကိုဟာ အိပ်လို့ပျော်တယ်လို့ပြောပါတယ် အရင်ကကောင်းကောင်း မအိပ်ရဘူးသိရလို့ ဆေးကစွမ်းသားပဲဆိုပြီး ကျွန်တော်တို့

ညီအကိုတွေပျော် လိုက်ကြတာ။နောက်နေ့ ၁၁-၆-၂၂မနက်စာစားတော့ အကိုတယောက် စားနိုင်သောက်နိုင်လာတာတွေ့ရတော့ ဘုန်းကြီးဆေးကစွမ်းလှချည်လားဆိုပြီး ညီအကိုတွေ

ဝမ်းသာကြည်နူးကြရ တာအ တိုင်းထက်အ လွန်ပါပဲ ။နေ့လည်စာလည်း ဆိုင်ကထမင်းတပွဲအပြင်လိုက်ပွဲပါ အကိုစားနိုင်တာမြင်တော့ ငါတို့ဒီကိုလာရ ကျိုးနပ်ပြီလို့ပျော်နေမိခဲ့ကြပါတယ်

ဒုတိယနေ့ ဆေးဆက်ထိုးရပါတယ်။ဆေး၂ လုံးထိုးရပါတယ် ဒါပေမယ့် အဲဒီညကအကိုအိပ်မပျော်ဘူး လို့ပြောပါတယ် ဝမ်းတွေလည်းသွားတယ်ပြောတယ် မနက်အိပ်ယာနိုးတော့ အကို သိပ်မရွှင်လန်းပါဘူး

ဒါနဲ့ မနက်စာစားတော့လည်း ပထမနေ့ဆေးထိုးပြီး သလိုမျိုး မစားနိုင်တော့ ပါဘူးဒါနဲ့တတိယနေ့ ၁၂-၆-၂၂ ဆေး၂လုံး ဆက်ထိုးကြ ရပါတယ် ဆေးတခါထိုးတိုင်း ၁၀၀၀ ၀ပေးရပါတယ် အဲဒီညလည်း

အကိုကောင်းကောင်း အိပ်မပျော်ပါဘူး အစားစားလည်းနည်းသွားပါတယ် လူကလမ်းတောင်သူ့ဘာသာမလျှောက်နိုင်တော့ပါဘူး ဒါနဲ့ ၄ရက်မြောက်နေ့ ၁၃-၆-၂၂မှာ ဆေး၂လုံးထပ်ထိုးရပါတယ်

အဲဒီညကဆိုအကို အိပ်လို့ကိုမပျော်ဘူးပြောပါတယ် အစားလည်းစားချင်စိတ်မရှိတော့ပါ နောက်နေ့မန က်အိပ်ယာ ကထတော့ အကိုလမ်းကောင်းကောင်းမလျှောက်နိုင်တော့ပါဘူး ၁၄-၆-၂၂မနက်

ကန်တော်ဘုန်းကြီးကျောင်းမှာ ဆေး၂လုံးထိုးပြီး ကျွန်တော်တို့ ရန်ကုန်ကိုပြန်ခဲ့ကြပါတယ် အကိုက တော့ အဲဒီ မနက်ကတည်းက မျက်နှာကဝေဒနါ ခံစားနေရလို့ရှုံ့မဲ့နေပါပြီ ဘုန်းကြီးကိုလည်းလျှောက်ခဲ့ပါတယ်

နောက်၂ပတ်နေရင် ဒါမှမဟုတ် ၁လနေရင်တခေါ က်ပြန်လာပြဖို့ မိန့်ပါတယ် အပြန်ခရီးတ လျှောက်လုံးမှာ အကိုဟာဝေဒနါကို အပြင်းအထန်ခံစားပြီး ဝမ်းကသွားနေတော့ ဓာတ်ဆီဆိုင်တိုင်

စားသောက် ဆိုင်တိုင်း အိမ်သာဝင် ရပါတယ် ညောင်ဦးကိုရန်ကုန်က အသွားတုန်းက သူ့ဘာသာ လမ်းလျှောက်နိုင်တဲ့ အကိုဟာ ဘုန်းကြီးနဲ့တွေ့ပြီးဆေးကုပြီး ချိန်မှာဘေးကလူနှစ်ယောက်တွဲမှလျှောက်နိုင်

တဲ့အခြေအနေဖြစ်သွားပြီ ရန်ကုန်ကသူ့အိမ်ကို 14-6-22 ည၈ခွဲလောက်ရောက်ပါတယ် ကျွန်တော်တို့လည်း ကိုယ်အိမ်ကိုယ်ပြန် ခဲ့ကြပါတယ်။ ၁၅-၆-၂၂မနက် ၅နာရီခွဲလောက်မှာကျွန်တော့်ညီဆီက

ဖုန်းလာတယ် အကိုဆုံးပြီတဲ့ဗျာ ။ အသဲရောဂါဝေဒနါရှင်အကိုက အခြေအနေဆိုးဆိုးဝါးဝါးကြီးမဟုတ်သေးပါ နေမယ်ဆို ဆရာဝန်ပြောကြားချက်အရ ၆လလောက်နေလို့ရသေးတဲ့ အခြေအနေပါ

အဲဒီဘုန်းကြီးကျောင်းမှာဆေး၁၀လုံး (တရက်၂လုံး)ထိုးပြီးနောက်တနေ့မှာပဲ ဆုံးပါးသွားတာဟာ မယုံနိုင်စရာပါပဲ ဒီလောက်မြန်မြန်ဆန်ဆန် ဆုံးပါးသွားတာဟာရောဂါကျွမ်းနေလို့မဟုတ်ဘူးဆိုတာ

ကာယကံရှင်ကျွန်တော်တို့အသိပါ ဒါဆို ဖြစ်နိုင်ခြေက ဆေးအမှားကြောင့်လားဆိုတာသုံးသပ်ရမှာ။ အဲဒီမှာက ဘာရောဂါသည်လာလာ ဖျားနာတာကနေသွေးဆုံးမီးယပ် လေဖြတ် ကင်ဆာ

လိပ်ခေါင်းကအစ အဲဒီအဝါရောင်ဆေး၂လုံးကို ရောဂါသည်တိုင်းထိုးနေတာ ကိုယ်တွေ့မြင်နေရတော့ သံသယရှိခဲ့တာအမှန်ပါဆေးဆိုတာ အနာကိုလိုက်ပြီးထိုးရတာကို ဘာလာလာ လူတိုင်း

အဲဒီအဝါရောင်ဆေးချည်းထိုးနေတာက သဘာဝမကျဘူးထင်ပါတယ် တော်ယုံရောဂါတွေကိုပျောက်နိုင်ပေမယ့် တကယ့်အသက် အန္တရယ်စိုးရိမ်ရတဲ့ ကင်ဆာလို မျိုးရောဂါကိုလည်း ဒီဆေးပဲထိုးတာက

အနာတခြား ဆေးတခြားလိုဖြစ်နေသလားလို့ သုံးသပ်မိပါတယ်နောက်ဆေးပေးရာမှာလည်း လူတိုင်း နေ့ဆေး ညဆေး တတို့ဆေး တပုံစံတည်းပေးနေတာတွေ့ရပါတယ် ဆေးတမျိုးတည်းနဲ

့ရောဂါပေါင်းစုံကုနေသလိုဖြစ်နေသလားသုံးသပ်မိတယ် အဲဒီတော့တချို့ အသက်အန္တရယ်မစိုးရိမ်ရတဲ့ရောဂါဝေဒနါတွေကပျောက်ချင်ပျောက်နိုင်ပေမယ့် ကျွန်တော့်အကိုလိုကင်ဆာဝေဒနါ

အတွက်ကတော့ ကောင်းကျိုးထက်ဆိုးကျိုးသာပိုများနိုင်တာမို့ ကိုယ်တွေ့ဖြစ်ရပ်ကိုမျှဝေခြင်းဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ ဘယ်လောက်ကောင်းကြောင်း ဘယ်လိုပျောက်ကင်းသက်သာကြောင်း

ဖတ်ရယုံနဲ့ယုံကြည်မှု့မလွန်ကဲပဲ သေသေချာချာ စုံစမ်းလေ့လာပြီးမှသာ သွားရောက်ကုသစေချင်ပါတယ်လို့ အကိုတယောက် ဆုံးရှုံးပြီးမှ သိရတဲ့အသိကို တခြားသူများကိုယ်လိုမဖြစ်ရအောင် စေတနာထားမျှဝေ လိုက်ရပါတယ်။

လေးစားလျှက်..crd.


Leave a Reply

Your email address will not be published.