





















Unicode

အသားပေါင်းအိုးကို အငွေ့မထုတ်မိပဲ ထားမိလိုက်တဲ့ ဖြစ်ရပ်ဆို း …အိမ်ရှင်မများ အထူးသတိပြုကြပါရန်…

အသားပေါင်းအိုးကို အငွေ့မထုတ်မိပဲ ထားမိလိုက်တဲ့ ဖြစ်ရပ်ဆိုး …

အသားပေါင်းအိုးကို အငွေ့မထုတ်မိရာကစတဲ့ ဆိုးကျိုးကြီးပေါ့လေ….. မိသားစုတွေ Hot Pot လုပ်စားကြမယ်ဆိုပြီး…ဝက်နံရိုးတွေကို အသားပေါင်းအိုးသုံးမိရာက စတာပါပဲ..


ကိုယ့်ရဲ့ဗဟုသုတနဲမှုတွေသတိမမူမှုတွေ အများကြီးပေါ့…Meat နဲ့ ပေါင်းထားပြီး… Pressure 18 ကနေ 4 ဖြစ်တဲ့အချိန် ညီမဖြစ်သူက ဟင်းရည်နဲမှာစိုးလို့ဆိုပြီး အဖုံးဖွင့်ရာက

ဖွင့်မရတဲ့အခါ …မီး plug ဖြုတ်ပြီး မီးဖိုချောင်ကြမ်းပြင်မှ ာ ချပြီးဖွင့်တော့ အိမ်မှာ ရှိနေကြတာက ၄ ယောက် အဖေရယ် ကိုယ်ရယ် ညီမ ၂ ယောက်ရယ်..အတူတူ ဓါးဦးနဲ့

ကလန့်ပြီးဖွင့်နေကြတာ..ကိုယ်ကတော့ ဘယ်ရယ်မှန်းမသိ ရုတ်တရတ်ဟင်းရွက်ဆေးပြီးသား ဇကာလေး အပြင်သွားချနေတဲ့အချိန် ..စက္ကန့်ပိုင်းလေးတင်ကို ဖြစ်ပျက်ကုန်တာကတော့…

ဖုန်း ခနဲ အသံကြားလိုက်ရတယ် တစ်ဆက်တည်း ပူတယ် ပူတယ်ဆိုပြီး မီးဖိုခန်းမှာဆူညံပွက်လောရိုက်နေတော့ ပြေးကြည့်တဲ့အခါ…မီးဖိုခန်းတစ်ခုလုံး ရေနွေးငွေ့တွေ


မီးလောင်သလိုပဲ ဖုံးနေခဲ့တာပဲ ပေါင်းအိုးပွင့်တဲ့အချိန် ထပေါက်တာ…အားလုံး ဖရိုဖရဲတွေနဲ့ ကိုယ်လည်းဘာလုပ်ပေးရမှန်းမသိ ပြာယာခတ်ပြီး ငိုနေတော့ အဖေက ကိုယ့်ကို

မျက်ရည် သုတ်ပေးပြီး သမီးမငိုနဲ့ သမီးငိုရင် အဖေ ပိုဆိုးတယ်တဲ့ညီမဖြစ်သူကလည်း မမ ရတယ် ဘာမှမဖြစ်ဘူးတဲ့…ဝမ်းကွဲ ညီမလေးကတော့ ဘာမှကိုမပြောရှာဘူး

ရုန်းရင်းဆန်ခတ်နဲ့ သွားတိုက်ဆေးတွေ ပွတ်နေကြတာ..ကိုယ်လည်း အယောင်ယောင်အမှားမှားနဲ့ body lotion ဗူးကြီး သွားပေးသေးတာ…လေ့လာမှုနည်းတဲ့ အကျိုးတွေပေါ့…

အဲဒီလိုနဲ့ ဆေးရုံပြေးတဲ့အချိန်မှာကတည်းက ညီမဖြစ်သူက အရေပြားတွေ ကွာနေခဲ့ပြီ (သွားတိုက်ဆေးက ပိုဆိုးစေသတဲ့) နောက်ဆုံး အခုလိုအခြေ အနေနဲ့အဖေရယ်


ဝမ်းကွဲညီမလေးရယ်က ခြေထောက်တစ်ဖက်စီ ညီမအရင်းဖြစ်သူကတော့ မျက်နှာကလွဲရင် တစ်ကိုယ်လုံး နီးနီးပါပဲ…မေ့ဆေးပေးပြီး operation ဝင်ခဲ့ရတယ်…ပြောချင်တာက ဒီလိုအဖြစ်

အပျက်တွေကို သင်ခန်းစာယူပြီး ကိုယ်သုံးမယ့် လျှပ်စစ်ပစ္စည်းရဲ့ အကျိုး အကြောင်း အဆိုးအကောင်းကို သေချာလေ့လာပြီးမှ သုံးပါ… အပူလောင်လျှင် အပူချိန်ကျအောင်သာ လုပ်ပါ…

ကိုယ်ချက်ပေးနေတဲ့အိုး ကိုယ်ဝင်ပေးနေတဲ့ မီးဖိုချောင်မှ ာ ကိုယ်ကမပါသွားပဲ ကံဖယ်ခဲ့တယ်ပဲ ပြောရမလားပဲ…အဲဒီမြင်ကွင်းလည်း မျက်လုံးထဲက မထွက်ဘူး စိတ်လည်း


တော်တော်မကောင်းဖြစ်ရပါတယ်…အဆိုးဆုံးခံရတဲညီမလေးတစ်ဖွဖွ ပြောနေတဲ့ စကားလေးက မမ မဖြစ်လို့ တော်သေးတယ်တဲ့အငွေ့မထုတ်မိတဲ့အိုးက တည်နေရင်း

အလိုလို ထပေါက်မယ့်အဖြစ်ကနေဆိုတော့အသက်ဘေးတော့ လွတ်ခဲ့ကြတာပေါ့လေ….ကံကြမ္မာဆိုတာ… ကြိုမမြင်နိုင်ဘူးလေ….အားလုံးပဲ သတိထားကြနိုင်ဖို့ သတိပေးပါရစေ….

Credit – Thinzar Myintmo


Leave a Reply

Your email address will not be published.